သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သရုပ်ဆောင် လူကုန်ကူးခံရမှုမှာ မသင်္ကာသူ ၁၀ ဦး တရုတ်နိုင်ငံ ထိုင်းပြန်ပို့


တရုတ်သရုပ်ဆောင် လူကုန်ကူးခံရတာနဲ့ပတ်သက်လို့အလိုရှိနေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား (၁၀)ဦးကို ထိုင်းက ပြည်နှင်ဒဏ်ပေး ပြီးနေရပ်ပြန်ပို့
တရုတ်သရုပ်ဆောင် လူကုန်ကူးခံရတာနဲ့ပတ်သက်လို့အလိုရှိနေတဲ့ သံသယရှိသူ တရုတ်နိုင်ငံသား (၁၀)ဦးကို ထိုင်းက ပြည်နှင်ဒဏ်ပေး ပြီးနေရပ်ပြန်ပို့

မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက်ထားတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့ တရုတ်သရုပ်ဆောင်ကို လူကုန်ကူးမှုနဲ့ မသင်္ကာသူ တရုတ်နိုင်ငံသား ၁၀ ဦးကို နေရပ်ပြန်ပို့လိုက်ကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ ကရင်ပြည်နယ် မြဝတီခရိုင်၊ ရွှေကုက္ကိုက ကျားဖြန့်လို့ လူသိများတဲ့ ငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ ဒေသတွင်း နိုင်ငံတွေ ပူးပေါင်းနှိမ်နင်းမှုတွေ အရှိန်မြင့်လာနေချိန်မှာပဲ အခုလို ပြန်ပို့လိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြ၀တီခရိုင်ရွှေကုက္ကိုလ်ကလိမ်လည်ဂိုဏ်းတွေဆီမှာရောက်စားခံရတဲ့ တရုတ်သရုပ်ဆောင် ဝမ်းရှင်းလူကုန်ကူးခံရတာနဲ့ပတ်သက်လို့ အလိုရှိနေတဲ့သံသယရှိသူ တရုတ်နိုင်ငံသား (၁၀)ဦးကို ဆာမွတ်ပရာကန်ခရိုင်၊ Sing Buri စင်ဘူရီ ခရိုင်၊ Sukhothai ဆိုကိုထိုင်း စတဲ့ခရိုင်၃ခုမှာ ထိုင်းမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့က လိုက်လံရှာဖွေကာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်း ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုကပြောပါတယ်။

အခုရက်ပိုင်းအတွင်းဖမ်းဆီးလိုက်တဲ့ တရုတ်နိုင်ငံသားတွေဟာ တရုတ်သရုပ်ဆောင်ဝမ်ရှင်းကို လူကုန်ကူးရာမှာပါဝင်ပတ်သက်နေတဲ့သူတွေဖြစ်ပြီး တရုတ်အစိုးရနဲ့ ထိုင်းအစိုးရကပူးပေါင်းပြီး သူတို့ကို ဖမ်းဆီးနိုင်ရေးကြိုးစားခဲ့ကြတာပါ။ သူတို့ဟာ ကရင်ပြည်နယ် မြ၀တီကနေ ထိုင်းနိုင်ငံထဲကိုပြန်လည်ဝင်ရောက်လာပြီး ကမ္ဘောဒီးယားနိုင်ငံကို သွားဖို့ပြင်ဆင်နေချိန်မှာပဲ ဆိုက်ဘာရဲတပ်ဖွဲ့က အချိန်မှီဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရို CYBER CRIME INVESTIGATION BUREAU အရာရှိချုပ်လည်းဖြစ်တဲ့ ရဲမှူးကြီး Thachai Pitaneelabut ၊ ထပ်ချိုင်း ပတ်ထနီလာဘတ်က သတင်းထောက်တွေကို အခုလိုပြောဆိုသွားပါတယ်။

ဆိုက်ဘာရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုအနေနဲ့ CYBER CRIME INVESTIGATION BUREAU အွန်လိုင်းစနစ်နဲ့ ကျူးလွန်နေတဲ့ မှုခင်းတွေကို ပုံစံမျိုးစုံနဲ့ နောက်ယောင်ခံ လိုက်လံ စုံစမ်းထောက်လှမ်းနေပါတယ် သတင်းအချက်တွေကို မှတ်တမ်းတင်စုံစမ်းစစ်ဆေးပြီး တရားခံတွေကို တရားရုံးမှာ စွဲချက်တင်နိုင်အောင် လုပ်ဆောင်နေပါတယ်။ မှုခင်းတွေကိုကျူးလွန်သူတွေကို နိုင်ငံတကာ အစိုးရတွေနဲ့ပေါင်းပြီး ဖော်ထုတ်သွားမှာပါ။ ထိုင်းနိုင်ငံသားတွေအနေနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ သားကောင်မဖြစ်အောင်သတိထားကြလို့လည်းထိုင်းဘာသာနဲ့ ပြောသွားခဲ့ပါတယ် ။

ကျားဖြန့် လိမ်လည်ဂိုဏ်းနဲ့လူကုန်ကူးမှုကိစ္စတွေမှာပါဝင်ပတ်သက်နေတယ်လို့သံသယရှိသူ တရုတ်နိုင်ငံသား ၁၀ဦးကိုတော့ ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲတွေက လိုက်ပါစောင့်ကြပ်ပြီး သုဝဏ္ဏဘူမိလေဆိပ်ကတဆင့် တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာပါ။

အခုဆိုရင် ဆိုင်ဘာရာဇဝတ်မူ့ကျူးလွန်တယ်ဆိုပြီး တရုတ် ရုရှား လာအို မြန်မာပါအဝင် နိုင်ငံခြားသား၂၀ထက်မနည်းကို ထိုင်းက ဒီရက်ပိုင်းတွေမှာပဲဖမ်းဆီးနေတာပါ ။ အဆိုရင် နယ်စပ်မှာလည်း ကျားဖြန့်လိမ်လည်ဂိုဏ်းတွေနှိမ်နင်းရေးကိုထိုင်းကလုပ်ဆောင်နေပြီး ကျားဖြန့်လိမ်လည်ဂိုဏ်းတွေကိုနှိမ်နင်းရေးဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံမြ၀တီခရိုင်ထဲကိုပေးနေတဲ့ လျှပ်စစ်မီး လောင်းစာဆီပိတ်ပင်ထားသလို သွင်းကုန်ပစ္စည်းတွေထဲက ပစ္စည်း ၁၀မျိုးကျော်ကိုလည်း ပိတ်ပင်တားဆီးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG