သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးလုပ်ငန်း ကျွန်ခိုင်းစေမှု ပပျောက်ရေး ၃ နိုင်ငံဆွေးနွေး


အင်ဒိုကျွန်းတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်အဖြစ် ခိုင်းစေခံရသူ မြန်မာအလုပ်သမားများ။
အင်ဒိုကျွန်းတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်အဖြစ် ခိုင်းစေခံရသူ မြန်မာအလုပ်သမားများ။

ငါးဖမ်းလုပ်ငန်းကဏ္ဍမှာ ကျွန်သဖွယ် ခိုင်းစေနေတာကို အဆုံးသတ်ရေး ပူးတွဲ လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထိုင်း၊ အင်ဒိုနီးရှား နဲ့ မြန်မာနိုင်ငံတို့ က ထိပ်တန်း ရဲအရာကြီးတွေ ကြာသပတေးနေ့က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြပါ တယ်။ အကောင်းဆုံး ဘယ်လို ဆက်သွယ်ကြမယ်ဆိုတာနဲ့ နယ်စပ်ဖြတ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတာတွေ အပေါ် ထိုင်း နိုင်ငံ ပတ္တယား အပန်းဖြေမြို့မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာ တက်ရောက်ကြတဲ့ ကိုယ်စားလှယ်တွေအကြား နောက်ဆုံးမှာ သဘော တူညီချက်ရဖို့ ရည်ရွယ်ပါတယ်။

တနိုင်ငံနဲ့တနိုင်ငံအကြား လိုအပ်ချက်တွေကို ချက်ခြင်း တုန့်ပြန် လုပ်ဆောင်နိုင်စွမ်း အပေါ် အကန့်အသတ်ဖြစ်စေဖွယ်ရှိတဲ့ သူတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတချို့ကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးကြပါတယ်။

ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းလုပ်သားတွေကို ငါးဖမ်းလှေတွေပေါ်ရောက် သွားအောင် လှည့်ဖျားခေါ်ဆောင်ပြီးတော့ သူတို့ဆန္ဒမပါဘဲ အကြမ်းဖက် ခြိမ်းခြောက်ပြီး ငါးဖမ်းလှေတွေပေါ်မှာ ခိုင်းစေတဲ့အကြောင်း AP သတင်းဌာနက တနှစ်ကြာ စုံစမ်း ထောက်လှမ်းပြီး ရေးသားတင်ပြတဲ့သတင်း ထွက်ခဲ့ပြီးတဲ့နောက် ဒီကိစ္စအပေါ် အလေးအနက်ထား ကိုင်တွယ်လာကြတာပါ။

အဲဒီလိုအခြေအနေအောက်မှာ ဖမ်းဆီးမိတဲ့ငါးတွေထဲက တချို့ဟာ အနောက်နိုင်ငံတွေက ထိပ်တန်းဆိုင်ကြီးတွေဆီ ရောက်သွား တာကို AP ရဲ့စုံစမ်းမှုကနေ တွေ့ခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ ကျွန်သဖွယ် ခိုင်းစေခံနေရသူ အများအပြားဟာ မြန်မာနိုင်ငံကဖြစ် ပြီး အင်ဒိုနီးရှားကမ်းလွန်ကျွန်းတွေမှာ အခြေပြုပြီး ငါးဖမ်းတဲ့ ထိုင်းငါးဖမ်းလှေတွေမှာ ခိုင်းစေခံကြရတာဖြစ်ပါတယ်။

XS
SM
MD
LG