သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဌာနေပြန်ခွင့်မရနိုင်

တက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဌာနေပြန်ခွင့်မရနိုင်
တက်ဆင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဌာနေပြန်ခွင့်မရနိုင်

ထိုင်းနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နဝပ် (Thaksin Shinawatra) ကို နိုင်ငံကို ပြန်လာခွင့်ပြုဖို့ ဘုရင့်အမိန့်နဲ့ ခွင့်ပြုမယ်ဆိုတာ မဟုတ်ပါကြောင်း ထိုင်းအစိုးရက ပြောကြားသွား ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ အဆိုသွင်းတာကို အရင်တပတ် ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။ ဒါပေမဲ့ မစ္စတာတက်ဆင် ပြန်လာဖို့ ခွင့်ပြုတဲ့ ဘယ်လိုအပြောင်းအလဲမျိုးကိုမှာ မလုပ်ဆောင်ခဲ့ပါဘူးလို့ ထိုင်းတရားရေးဝန်ကြီး ပရာချာပရွန်နော့က် (Pracha Promnok) က သတင်းထောက်တွေကို တနင်္လာနေ့ကပဲ ပြောသွားပါတယ်။

ထိုင်းဘုရင် ဘူမိေဘော အဒူလျာဒဲ့ဂျ် (Bhumibol Adulyadej) ဟာ နှစ်တိုင်း ဒီဇင်ဘာလ ၅ ရက် သူ့မွေးနေ့တဝှိက်မှာ ဘုရင့်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ထောင်ဒဏ် ၃ နှစ်ထက်နည်းပြီး အသက် ၆၀ ကျော်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိမ့်မယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဒီနှစ်မှာပဲဖော်ပြထားတာပါ။

လက်ရှိဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ် (Yingluck Shinawatra) ရဲ့ အစ်ကိုဖြစ်သူ မစ္စတာတက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းခံရပြီး ရာထူးကဖြုတ်ချခံခဲ့ရလို့ ထိုင်းနိုင်ငံရေးဟာ အကြာကြီးပဲ မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံကထွက်သွားခဲ့ပြီး အဂတိလိုက်စားမှုနဲ့ သူမပါတဲ့ တရားခွင်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရပါတယ်။

This item is part of
XS
SM
MD
LG