သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin တနင်္ဂနွေနေ့ ထောင်ကလွတ်မယ်


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်

ထိုင်းနိုင်ငံမှာ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နက်ဖြန် တနင်္ဂနွေနေ့ ပြန်လွတ်လာမယ်လို့ ဝန်ကြီးချုပ် Srettha Thavisin က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ထောင်ဒဏ်တနှစ် ပြစ်ဒဏ်ချမှတ်ခံထားတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ဟာ ၆ လအကြာမှာ ခံဝန်ချက်နဲ့ မနက်ဖြန် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြန်တော့မယ်လို့ ဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့တာပါ။

ထိုင်းအကျဉ်းထောင်တွေထဲက အသက်အရွယ်ကြီးရင့်သူ ဒါမှမဟုတ် ကျန်းမာရေးမကောင်းသူ ၉၃၀ ကို ပြစ်ဒဏ် လျော့ပေါ့ပြီး စောစော လွှတ်ပေးတဲ့အထဲမှာ အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin လည်း ပါဝင်မယ့်အကြောင်း ထိုင်းအစိုးရက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကြေညာခဲ့တာပါ။

အဂတိလိုက်စားမှုမျိုးစုံနဲ့ တရားစွဲဆိုခံရပြီး ၁၅ နှစ်ကျော် တိုင်းပြည်ပြင်ပမှာ တိမ်းရှောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့ပါတယ်။ ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရပေမဲ့လည်း သူ့ ထောင်ဒဏ်ကို တနှစ်ပဲ ကျခံဖို့ ထိုင်းဘုရင် Maha Vajiralongkor အမိန့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။

အခု အချုပ်ကျရက် ၆ လ တလျှောက်လုံးနီးပါးလည်း အတိအကျ မဖေါ်ပြတဲ့ ကျန်းမာရေး အကြောင်းပြချက်နဲ့ သူဟာ ဆေးရုံမှာပဲ အချုပ်နဲ့နေနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG