ထိုင်းနိုင်ငံမှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ထားတာ၊ Backpacker လို့ခေါ်တဲ့ ကျောပိုးအိတ်တလုံးနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လျှောက်လည်ကြတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ အသတ်ခံရတာ၊ ရဲတွေက နိုင်ငံခြားသားတွေ အနောက်ကနေ နောက်ယောင်ခံ လိုက်တာတွေကြောင့် တချိန်က ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု အကောင်းဆုံးဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ လွန်ခဲ့တဲ့ လအနဲငယ်အတွင်း တဖြည်းဖြည်း ကျဆင်းလာနေပါပြီ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ဘန်ကောက်မြို့ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို အခုတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။