သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက် ညမထွက်ရအမိန့် သက်တမ်းတိုး


အဓိရုဏ်းတွေ၊ မီးရှို့မှုတွေကြုံခဲ့ရာကနေ ဘန်ကောက်မြို့ခံတွေ ပြန်ထူထောင်ဖို့ ကြိုးပမ်း နေချိန်မှာပဲ ဘန်ကောက်မြို့နဲ့ တခြားခရိုင်ပေါင်း ၂၃ ခုမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၃ ရက် ဆက်ပြီး ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြသူတွေရဲ့စခန်းကို စစ်တပ်က မနေ့တုန်းက နှိမ်နင်းခဲ့တဲ့နောက် အဓိကရုဏ်းတွေ၊ မီးရှို့မှုတွေ ကြုံခဲ့ရာကနေ မြို့ခံတွေ ပြန်လည် ထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ဘန်ကောက်မြို့နဲ့ တခြားခရိုင်ပေါင်း ၂၃ ခုမှာ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၃ ရက် ဆက်ပြီး ထုတ်ပြန်လိုက်ပါတယ်။

အကျီ ၤအနီဝတ် ဆန္ဒပြသူတွေနဲ့ ကြိုကြားကြိုကြား ပဋိပက္ခတွေ ဘန်ကောက်တခွင်မှာ ဒီကနေ့လည်း ဆက်လက်ဖြစ်ပွားခဲ့ပေမဲ့၊ အစိုးရကတော့ တရားဥပဒေ စိုးမိုးမှုကို ပြန်လည်ထိန်းသိမ်းနိုင်ကြောင်း ပြောဆိုခဲ့တာပါ။

ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ဟာ စနေနေ့အထိ ရှိနေမှာ ဖြစ်တယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။ ဆန္ဒပြခေါင်းဆောင် တဦးလည်း ဒီကနေ့ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့ပါတယ်။ လက်စားချေမှုတွေ အမျက်ဒေါသတွေ အပေါ်မှာ ဒီမိုကရေစီကို မတည်ဆောက်နိုင်ကြောင်း ဆန္ဒြ့ပသူတွေကို ပြောဆိုခဲ့ပြီးတဲ့နောက် အေးအေးဆေးဆေးနဲ့ပဲ ဝီရာ မူဆစ်ကဖွန် (Veera Musikapong) က အဖမ်းခံခဲ့တာပါ။

ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အခြာနေရာတွေကို သီတင်းပတ်ပေါင်း အတော်ကြာ သိမ်းပိုက် ထားခဲ့ကြတဲ့ နေရာက အပျက်အဆီးတွေကိုတော့ အလုပ်သမားတွေက ဒီကနေ့မှာ စတင်ရှင်းလင်း နေကြပါတယ်။

ဆန္ဒပြသမားတွေကို လုံခြုံရေး တပ်ဖွဲ့တွေက နှိမ်နင်းမှုတွေ လုပ်ခဲ့ရာမှာတော့ လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ နှိမ်နင်းမှုတွေက ရှောင်ရှားပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူ အကျီ ၤအနီဝတ်တွေ ခိုအောင်းနေတဲ့ ဘုန်းတော်ကြီးကျောင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဒီကနေ့ ဝင်ရောက် ရှင်းလင်းခဲ့ကြတာပါ။

ဘုန်းကြီးကျောင်းဝင်းအတွင်း အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ရပေမဲ့ ဒီလူတွေဟာ မနေ့တုန်းက သေဆုံးသူတွေ ဟုတ်မဟုတ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ထိုင်း စတော့ခ်ရှယ်ယာဈေးကွက်ကိုလည်း မနေ့တုန်းက မီးတင်ရှို့ခဲ့တာမို့ ဒီကနေ့နဲ့ မနက်ဖြန်မှာ ပိတ်ထားခဲ့ရတာပါ။

အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်တဲ့ Central World ကုန်တိုက်ကြီးဟာဆိုရင်လည်း မီးရှို့ခံခဲ့ရသလို ဘဏ်တွေလည်း လုယက်ဖျက်ဆီး ခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံ ဗဟိုဘဏ်ကလည်း ဒီကနေ့နဲ့ မနက်ဖြန်တို့ကို အားလပ်ရက်တွေအဖြစ် ကြေညာခဲ့တာပါ။

XS
SM
MD
LG