သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မွတ်ဆလင်သူပုန် စစ်ရာဇ၀တ်မှု ကျူးလွန်


ထိုင်း မွတ်ဆလင်သူပုန် စစ်ရာဇ၀တ်မှု ကျူးလွန်

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၃ ခုမှာ ဆူပူမှုတွေ ဖြစ်အောင်လုပ်တဲ့ မွတ်ဆလင် သူပုန်တွေဟာ အရပ်သားတွေအပေါ် တမင် ပစ်မှတ်ထားခဲ့ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ Amnesty International အဖွဲ့ကြီးက ပြောပါတယ်။

၂၀၀၄ ခုနှစ်တည်းကစလို့ ယာလာ၊ ပတ်တနီနဲ့ နာရာသီဝတ် ခရိုင်တွေက မငြိမ်သက်မှုတွေအတွင်း သေဆုံးသူပေါင်း ၅,၀၀၀ နီးပါး ရှိပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ဆရာ ဆရာမတွေ၊ အစိုးရ ဝန်ထမ်းတွေ၊ လယ်သမားတွေ စတဲ့ အလွှာစုံက အရပ်သားတွေ သိမ်းကြုံး ပစ်မှတ်ထား ခံခဲ့ရတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။

ထိုင်းတောင်ပိုင်းမှာ အများစု နေကြတာက မလေးနွယ်ဖွား လူနည်းစု မွတ်ဆလင်တွေ ဖြစ်ကြပါတယ်။ အဲဒီဒေသတွေဘက်မှာ ထိုင်းအစိုးရ တပ်တွေကလည်း နှိပ်စက်ညှဉ်းပန်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ခဲ့တယ်လို့ Amnesty International လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့ကြီးက ပြောပါတယ်။

XS
SM
MD
LG