သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံဘက် တရားမဝင်သွားတဲ့ မြန်မာနိုင်ငံသား ၆ ရက်အတွင်း ၁,၈၀၀ နီးပါး ဖမ်းဆီးခံရ 


အလုပ်အကိုင်ရရှိဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ရင်း အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများ။ ( photo- Thai Police and Army PR Center)
အလုပ်အကိုင်ရရှိဖို့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ရင်း အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများ။ ( photo- Thai Police and Army PR Center)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် ပြည်နယ် ၃ ခုကနေ ၆ ရက်အတွင်း မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်လာသူ ၁,၈၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ကမ်ချနဘူရီ၊ ပရာကျွတ်ခီရီကန်၊ ချင်းမိုင် ပြည်နယ်တွေမှာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၆ ရက်အတွင်း လူကုန်ကူးတွေ ခေါ်လာတဲ့ မြန်မာနိုင်ငံသား အမြောက်အများ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၆ ရက်အတွင်း ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁,၈၀၀ လောက်ဖမ်းဆီးခံခဲ့ရပါတယ်။ လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကမ်ချနဘူရီ် ၊ပရာကျွတ်ခီရီကန်၊ ချင်းမိုင်ပြည်နယ်တွေမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်ကအခုလိုပြောပါတယ်။

“ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က နေ ၁၆ ရက်နေ့အထိ ၆ ရက်တာအချိန်အတွင်းမှာ လူမှောင်ခိုသမားတွေ သယ်လာတာ၊ လူပွဲစာေးတွခေါ်လာတာက ၁,၈၀၀ နီးပါးလေက်ရှိပါတယ်။”

အများစုက ကမ်ချနဘူရီပြည်နယ်နဲ့ ပရာကျွတ်ခီရီကန်ပြည်နယ်တွေမှာ ဖမ်းမိတာဖြစ်ပါတယ်။ ရာနဲ့ချီပါလာတဲ့ အုပ်စုတွေကို ဖမ်းဆီးမိတာရှိသလို ဆယ်ဂဏန်း ဝင်ရောက်လာသူတွေ ဖမ်းမိတာတွေလည်းရှိတယ်လို့ သူကပြောပါတယ်။ တရားမဝင် ထိုင်းနိုင်ငံထဲရောက်လာသူတွေသာမက သူတို့ကို လူမှောင်ခိုကူး ခေါ်လာတဲ့ ဂိုဏ်းဝင်တချို့လည်း ဖမ်းဆီးခံရတယ်လု့ိဦးမိုးကျော်က ပြောပါတယ်။

“ဖေဖေါ်ဝါရီလဝက်အထိ၊ ရက်နဲ့ပြောရင် ၁၆ ရက်နေ့ထိဆိုရင် လူပွဲစားတွေ၊ လူမှောင်ခိုသမားတွေ ပါတယ်။ လမ်းပြတဲ့သူတွေ ပါတယ်။ အဲဒါက ထိုင်းကော မြန်မာကော လူ ၆၀ နီးပါးလောက်ကို ထိုင်းဘက်က သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားပါတယ်။ ဖမ်းမိတဲ့နယ်မြေကတော့ ကမ်ချနဘူရီနဲ့ ပရာကျွတ်ခီရီကန်နယ်စပ်တွေမှာ အများဆုံးဖမ်းမိတာ တွေ့ရပါတယ်။”

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း ထိုင်းနိုင်ငံ ပြည်နယ်အသီးသီးမှာ ဖမ်းမိတဲ့ လူကုန်ကူးသူတွေ၊ ပွဲစားတွေ၊ လမ်းပြအဖြစ် လိုက်ပါလာသူတွေ အပြင် လူကုန်ကူးမှုမှာအသုံးပြုတဲ့ကား ၁၀ စီးကျော်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ နယ်စပ်တွေကနေ အထောက်အထားမဲ့ မြန်မာတွေ ဝင်ရောက်နေတာကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ပြီး နေ့စဉ်ဖမ်းဆီးနေပေမယ့် မြန်မာနိုင်ငံသားတွေကတော့ ရာနဲ့ချီပြီး နယ်စပ်တွေကနေ နေ့စဉ် ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

#ThailandMigrants #MyanmarMigrants #AyeAyeMar #voaburmese #ရွှေ့ပြောင်းလုပ်သား #ဗွီအိုအေမြန်မာပိုင်း #အေးအေးမာ

===============

[[Unicode]]










===============

XS
SM
MD
LG