သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘတ်ငွေ ၃၀,၀၀၀ နီးပါး အခကြေးငွေနဲ့ ဘန်ကောက် တရားမဝင်သွားသူ မြန်မာ ၅၀ ကျော် အဖမ်းခံရ 


ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ယခင်ပုံဟောင်း) 
ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ယခင်ပုံဟောင်း) 

[[Zawgyi/Unicode]]

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူ ၅၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီလူတွေဟာ အလုပ်အကိုင်ရှာဖွေဖို့ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့သူတွေဖြစ်ပြီး ဘန်ကောက်မြို့ကို ဘတ်စ်ကားနဲ့ သွားနေစဉ်အတွင်း အယုဒ္ဓယခရိုင်ထဲက အဝေးပြေးလမ်းပေါ်မှာ မနက် ၄ နာရီလောက်က ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ရဲချုပ် Wiwat Khamchamnan က ပြောပါတယ်။

သတင်းပေးချက်အရ ထိုင်းနိုင်ငံရဲ့ အမှတ် ၃၂ အမြန်လမ်းကနေ ဘန်ကောက်ကိုသွားနေတဲ့ ဘတ်စ်ကားကို အယုဒ္ဓယခရိုင် Bang Krod မြို့နားမှာ ရဲတပ်ဖွဲ့က တားဆီးပြီးတော့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ပါလာတဲ့သူတွေကတော့ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် တယောက်ကို ထိုင်းဘတ်ငွေ ၂၆,၀၀၀ ကနေ ၂၈,၀၀၀ အထိ ပွဲစားကို ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅၃ ယောက်နဲ့အတူ အသက် ၄၆ နှစ်အရွယ် ဘစ်ကားမောင်းသူနဲ့ အသက် ၄၉ နှစ်အရွယ် သူ့ရဲ့လက်ထောက်တဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ထိုင်း ရဲဗိုလ်ချုပ်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ Wiwat Khamchamnan က ပြောပါတယ်။

ဘတ်စ်ကားဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက်ကတော့ ဒီလူတွေကို Sing Buri ခရိုင်ကနေ ဘန်ကောက်ကို ပို့ဆောင်ပေးဖို့အတွက် ဘတ် ၂၀,၀၀၀ နဲ့ ကားငှားခဲ့တာဖြစ်ပြီး သူတို့ ကို ငှားတဲ့သူကိုတော့ မသိဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]







==============

XS
SM
MD
LG