သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံတွင်းကားမှောက်မှု မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရ


 ၂၀၂၂၊ ဧပြီလ ၅ ရက်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာတွေကို တရားမဝင်သယ်လာတဲ့ကား တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာရခဲ့သူ မြန်မာနိုင်ငံသားများ (ထိုင်းလူမှုကယ်ဆယ်ရေး)
၂၀၂၂၊ ဧပြီလ ၅ ရက်၊ ဖွတ်ဖရမြို့နယ်ထဲမှာ မြန်မာတွေကို တရားမဝင်သယ်လာတဲ့ကား တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာရခဲ့သူ မြန်မာနိုင်ငံသားများ (ထိုင်းလူမှုကယ်ဆယ်ရေး)


[[Zawgyi/Unicode]]

ထိုင်းနိုင်ငံက မြန်မာနဲ့နယ်စပ် တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲမှာ ဧပြီလ ၅ရက်နေ့က မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေကို မဲဆောက်ဆေးရုံကြီးနဲ့ ဖွတ်ဖရဆေးရုံကြီး တို့မှာကုသပေးနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ပြည်နယ် ဖွတ်ဖရမြို့နယ်ထဲက စိုင်မူဘန်းစမ်ရောက်ဒွယ်လမ်း၊ ဘန့်ဟွေးနုတ်လွေ့ရွာအနီး လူမှောင် ခိုသမားတွေ ခေါ်လာတဲ့ကား တိမ်းမှောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၈ ဦး ကားပေါ် ပါလာတဲ့အတွက် ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဒီနေ့ ဧပြီလ ၅ ရက်နေ့မနက်ပိုင်းမှာ တာ့ခ်ပြည်နယ် မဲဆောက်မြို့တောင်ဘက်မှာရှိတဲ့ ဖွတ်ဖရမြိုနယ်ထဲမှာ တရားမဝင် မြန်မာ ၁၈ ဦးကို သယ်ဆောင်လာတဲ့ကားက လမ်းချော်ပြီး တိမ်းမှောက်သွားပါတယ်။ ဒီထဲမှာ တရားမဝင် မြန်မာ ၁၈ ဦးထဲက ၈ ဦး ဒဏ်ရာရပါတယ်။ အဲဒီထဲက တဦးကတော့ ဒဏ်ရာပြင်းထန်လို့ မဲဆောက်အထွေထွေကုဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။ ကျန်တဲ့ ဒဏ်ရာရ ခုနစ်ဦးကတော့ ဖွတ်ဖရဆေးရုံကြီးမှာ ပို့ပြီးကုသခံနေရပါတယ်။”

တရားမဝင် မြန်မာတွေ သယ်ဆောင်လာတဲ့ကားတွေ တိမ်းမှောက်မှုဆိုတာက ထိုင်းနိုင်ငံအတွင်း မကြာခန ဖြစ်နေတာပါ။ တချို့မတော်တဆ ကားမှောက်တာတွေဟာ စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းရတာကနေ ဖြစ်ခဲ့ကြတာပါ။ ဇန်နဝါရီလထဲတုန်းကတော့ ကမ်ချနဘူရီခရိုင် Sai Yok မြို့နယ်ကနေThong Pha Phum ကိုသွားတဲ့ ကားတစီး ယဉ်တိုက်မှုဖြစ်ပြီး မတော်တဆ တိမ်းမှောက်ခဲ့ရာက ကားထဲမှာပါလာတဲ့မြန်မာ ၄ ဦးသေဆုံးပြီး ၇ ဦးလောက်က ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ မတ်လထဲမှာတော့ ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ ဖြစ်တဲ့ ကားတိုက်မှုအတွင်း ၆ ဦး သေဆုံးခဲ့ပါတယ်။ ချုံဖော်ပြည်နယ်ထဲမှာလည်း မြန်မာ ၃၅ ဦး လိုက်ပါလာတဲ့ကား ရဲစစ်ဆေးတာမခံဘဲ ထွက်ပြေးရင်း ကားမှောက်သွားခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာတွေလိုက်ပါလာတဲ့ကားတွေ မတော်တဆ တိမ်းမှောက်တာ၊ ကားတိုက်တာတွေဟာ လစဉ်နီးပါးဖြစ်နေပါတယ်။ ထိုင်းမြန်မာနယ်စပ်တွေကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကိုလည်း ထိုင်းနိုင်ငံဘက်မှာ အခုရက်ပိုင်း ဆက်တိုက်ဖမ်းမိနေပါတယ်။ ဧပြီလ ၄ ရက်နေ့ကဖမ်းမိသူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးတွေတောင် ပါဝင်ပါတယ်။ အခု ၅ ရက်အတွင်း ဖမ်းမိတဲ့မြန်မာနိုင်ငံသား ၂၆၀ ကျော် ရှိသွားပြီဖြစ်ကြောင်း ဦးမိုးကြိုးက ဆက်ပြောပြပါတယ်။

“ဧပြီလ ၄ ရက်နေ့တုန်းကတော့ ချင်းရိုင်ပြည်နယ်၊ မဲဆိုင်မြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၆၀၊ ကလေး ၁၁ ယောက်- အားလုံး ၇၁ ယောက်ပါ။ ၂၀၂၂ ခုနှစ်၊ ဧပြီလထဲမှာတော့ တရားမဝင်မြန်မာ ၂၅၁ ယောက်နဲ့ ကလေးက ၁၁ ယောက်။ အခု ၅ ရက်အတွင်းမှာပါ။ ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့ထိ အားလုံး ၂၆၂ ယောက်ပါ။”

အထောက်အထားမဲ့မြန်မာတွေကတော့ထိုင်းမြန်မာနယ်စပ်တွေကနေနေစဉ်ဝင်ရောက်လာနေပြီး ၂၀၂၁ တနှစ်လုံးအတိုင်းအတာနဲ့ ဖမ်းမိတဲ့ နိုင်ငံခြားရွှေပြောင်း အလုပ်သမားအရေအတွက်၆သောင်းကျော်လောက်ရှိမယ်လို့လည်း ထိုင်းနိုင်ငံမှာ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုပေါင်းထားတဲ့ Migrant Labour Development Network ကစာရင်း ပြုစုထားပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============
[[Unicode]]









=============

XS
SM
MD
LG