သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ၊ ဆုန်ခလာပြည်နယ်မှာ ထိုင်းလူမျိုး သေဆုံးမှုနဲ့ မြန်မာ ၃၀၀ ကျော် ဖမ်းခံရ


အသတ်ခံရတဲ့ ထိုင်းအမျိုးသားရဲ့ရုပ်အေလောင်းကို ဟတ်ရိုင်မြို့နယ် ဂေါက်ကွင်းအနီးမှာ တွေ့ရှိပုံ (အလုပ်သမားသံအရာရှိရုံး)
အသတ်ခံရတဲ့ ထိုင်းအမျိုးသားရဲ့ရုပ်အေလောင်းကို ဟတ်ရိုင်မြို့နယ် ဂေါက်ကွင်းအနီးမှာ တွေ့ရှိပုံ (အလုပ်သမားသံအရာရှိရုံး)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ်၊ ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသားဝန်ထမ်းတဦး အသတ်ခံခဲ့ရတာနဲ့ဆက်စပ်လို့ မြန်မာလူမျိုး ၃၀၀ ကျော် အဖမ်းခံထားရပါတယ်။ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ထုတ်ပြန်ချက်မှာတော့ အထောက်အထားမဲ့မြန်မာအမျိုးသမီးတဦးကို ထိုင်းအမျိုးသားတဦးက ပြန်ပေးဆွဲ ငွေညှစ်ခဲ့ရာကနေ လူသတ်မှုအထိ ဖြစ်ခဲ့တဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ သတင်းရယူခဲ့တဲ့ ဟတ်ရိုင်မြို့က ရွှေ့ပာင်းအလုပ်သမားအခွင့်အရေး ကွန်ယက်ရဲ့ တာဝန်ခံကု ိဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် ဟတ်ယိုင်မြို့နယ်မှာ ဇွန်လ ၁ ရက်က ထိုင်းနိုင်ငံသား လျှပ်စစ်ဝန်ထမ်းတဦးကို သတ်ပြီး ကြိုးတုပ်၊ မြေမြှုပ်အလောင်းဖျောက်ခံထားရတာနဲ့ပတ်သက်လို့ ဘန်ကောက်မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ရာမှာ အမည်မသိ ထိုင်းအမျိုးသားတဦးဟာ မြန်မာအမျိုးသမီးတဦးကို ပြန်ပေးဆွဲ၊ ငွေညှစ်ခဲ့တာကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးတွေ့ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုကော ပြန်ပေးဆွဲခံရတဲ့အမျိုးသမီးကိုကော မေးမြန်ခဲ့ရာမှာ လူသတ်မှု ဖြစ်ပွားခဲ့ရတဲ့အခြေအနေကိုသိခဲ့ရကြောင်း ဟတ်ရိုင်မြို့ကရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန်ယက်ရဲ့တာဝန်ခံ ဦးဘရီက အခုလိုပြောပြပါတယ်။

“အဓိက သံရုံးကထုတ်ပြန်တာကိုလည်း ကျနော်တို့တွေ့ပါတယ်။ ဒီလူသတ်မှုမှာ အရင်နေ့ကပြောသလို သူ (သေဆုံးသူ) က ဖုန်းတွေကိုလုတယ်။ ပိုက်ဆံတွေ ဓါးပြတိုက်တယ်။ ပြီးတော့ အဲဒီအမျိုးသမီးကို ဓါးနဲ့ထောက်ပြီး ပြန်ပေးဆွဲတယ်၊ သေနတ်လည်းပါတယ်။ ဓါးလည်းပါတယ်။ ပြန်ပေးဆွဲခံရတဲ့အမျိုးသမီးနဲ့လည်းကျနော်တွေ့တယ်။ ပြန်ပေးဆွဲခံရတဲ့အမျိုးသမီးကို ထုံးလုံရဲစခန်းမှာ ကျနော်သွားတွေ့ပြီး စကားပြောတယ်။ ဒီအမျိုးသမီးက အသက် ၁၈-၁၉ အရွယ်လောက်ပဲ ရှိတယ်။ ပြန်ပေးဆွဲပြီးတော့ သူက (သေဆုံးသူ) က ပိုက်ဆံတောင်းတယ်။ ဘယ်လောက် အမောင့် (amount) ပေးပါလို့တောင်းတယ်။ ကောင်မလေးနဲ့အတူပါလာတဲ့သူတွေက ပိုက်ဆံပေးတယ်။ ဒါပေမယ့်သူ( သေဆုံးသူ)က ပြန်မလွှတ်ပေးဘူး။ကလေးမလေးကို ပြန်မလွှတ်ပေးတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ခဲနဲ့ထုကြတာပေါ့။”

ထိုင်းနိုင်ငံသားသေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ဇွန်လ ၁ ရက်နေ့ကစပြီး ဟတ်ရိုင်မြိုနယ် ထဲမှာ အထောက်အထားမဲ့ မြန်မာ ၃၀၀ ကျော်ဖမ်းဆီးခံခဲ့ရတာပါ။ ဒီထဲက လူသတ်မှု ဖြစ်ပွားတဲ့နေရာနဲ့ အနီးဆုံးမှာနေထိုင်နေတဲ့အလုပ်သမားတွေကိုတော့ တင်းတင်းကြပ်ကြပ် စစ်ဆေးခဲ့တယ်လို့ိလည်းဆိုပါတယ်။

“အခု လူ ၃၀၀ ကျော်ထဲက စစ်ဆေးလို့က ပြီးခါနီးပါပြီ။ လူကုန်ကူးနဲ့ပတ်သက်တာကြောင့် မြန်မာစကားပြန်တွေကို နေ့တိုင်းအကူညီတောင်းတယ်။ နေ့တိုင်းစစ်ဆေးတယ်။ အခုက မလေးရှားနယ်စပ် ဒန်နော့ လဝက အချုပ်ကြီးကနေ ၆၃ ယောက်ကိုပြန်ပို့လိုက်ပြီလို့ သိရပါတယ်။ ပထမနေ့က ၁ ရက်နေ့က ဖမ်းမိတာ လူသတ်မှုနဲ့အနီးစပ်ဆုံးနေရာမှာ ၉ ယောက် အရင်ဖမ်းမိတယ်။ နောက်ပိုင်းဆက်တိုက်ဖမ်းဆီးတော့ လူ ၃၀၀ ကျော်ဖမ်းမိပါတယ်။”

ထိုင်းအမျိုးသားတဦး ကြိုးတုပ်၊ မြေမြှုပ်အသတ်ခံရတာနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့သတင်းထုတ်ပြန်ချက်မှာတော့ မလေးရှားနိုင်ငံကိုသွားမယ့် ရွှေပြောင်းအလုပ်သမား ၁၀၉ ဦးဟာ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ကိုရောက်ရှိလာခဲ့ကြောင်း၊ ညပိုင်းမှာတော့ အမည်မသိ ထိုင်းလူမျိုးတဦးက အဲဒီထဲကအမျိုးသမီးတဦးကို သေနတ်နဲ့ချိန်၊ ဓါးနဲ့ထောက်ပြီး ပြန်ပေးဆွဲ ငွေတောင်းခံခဲ့တာလို့ဆိုပါတယ်။ တောင်းခံတဲ့ငွေကိုပေးပြီးတာတောင် မြန်မာအမျိုးသမီးကို ပြန်လွှတ်မပေးတဲ့အတွက် အမျိုးသမီးနဲ့အတူပါလာတဲ့ ခရီးသွားလူငယ်တွေက ထိုင်းအမျိုးသားကို ကျောက်ခဲနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ကျောက် ခဲ နဲ့ပစ်ခတ်ခဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ တဦးမှဝန်ခံတာမရှိတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အလုပ်သမားတွေကို စစ်ဆေးဆဲဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]








============

XS
SM
MD
LG