သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် အယူခံ တရားရုံးချုပ် ပယ်ချ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နဲ့ သူ့မိသားစုက သူတို့ရဲ့ ပစ္စည်း ပိုင်ဆိုင်မှုတွေကို အစိုးရက သိမ်းယူခဲ့တဲ့အပေါ် အယူခံဝင်တဲ့ အမှုကို ထိုင်းဗဟိုတရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

မစ္စတာ သက်ဆင်ရာ သူ့ရဲ့ အယူခံမှုကို ပံ့ပိုးပေးနိုင်ဖို့ သက်သေအထောက်အထား ပြည့်ပြည့်စုံစုံ တင်ပြနိုင်တာ မရှိဘူးလို့ တရားရုံးက ပြောပါတယ်။

အရင်က ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်မယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပေမဲ့ မစ္စတာ သက်ဆင်က လုံလောက်တဲ့ သက်သေကို ထပ်ပြီး မတင်ပြနိုင်ဘူးလို့ ဆိုပါတယ်။

မစ္စတာ သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း အာဏာအလွဲသုံးစား လုပ်မှုကြောင့် သူပိုင် ဒေါ်လာသန်းပေါင်း ၁,၄၀၀ ကို အစိုးရက သိမ်းနိုင်တယ်လို့ တရားရုံးက ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ပါတယ်။

မစ္စတာ သက်ဆင်ကတော့ ဒါဟာ နိုင်ငံရေးအရ သူ့ကို အကွက်ဆင်တာသာ ဖြစ်ကြောင်းနဲ့ သူဟာ ဘာအမှားအယွင်း တခုမှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

မစ္စတာ သက်ဆင်ရာ အာဏာအလွဲသုံးစား လုပ်ပြီး အဂတိလိုက်စားမှု အကြီးအကျယ် လုပ်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းခံရကတည်းက အချိန်တော်တော်ကြာ ပြည်ပမှာ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG