သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ့


တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ့
တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ့

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နဝပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုလိုက်ပါတယ်။

မစ္စတာ တက်ဆင်က မြန်မာပြည်ကိုသွားမယ့် သူ့ရဲ့ညီမ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နဝပ်ရဲ့ ခရီးစဉ် ချောမွေ့ အဆင်ပြေအောင်နဲ့ မစ္စ်ယင်းလပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနိုင်ရေးကိစ္စတွေ အကူအညီပေးဖို့အတွက် သွားရောက်တာဖြစ်တယ်လို့ ပြောပါတယ်။

မစ္စ်ယင်းလပ်ရှင်နဝပ်ဟာ စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံများ ညီလာခံကို တက်ရောက်ဖို့ အခုမြန်မာနိုင်ငံကို ရောက်ရှိနေပါပြီ။

မဟာမဲခေါင်မြစ် ဒေသခွဲနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြပါတယ်။

ထိုင်းနိုင်ငံက ဝေဖန်သုံးသပ်သူ တချို့ကတော့ ဝန်ကြီးချုပ် ယင်းလပ်အစိုးရအနေနဲ့ ဒီခရီးစဉ်ကို အသုံးချပြီး တက်ဆင်ရှင်နဝပ်နဲ့ အလွမ်းသင့်တဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးအမြတ်ရရှိအောင် ပြုလုပ်သွားနိုင်တဲ့အတွက် သတိထားစောင့်ကြည့်ဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။

XS
SM
MD
LG