သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဗုံးကွဲမှု ၂၄ဦးထက်မနည်း ဒဏ်ရာရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘန်ကောက်မြို့တော်က စစ်ဆေးရုံ တခုမှာ ဒီကနေ့ တနလာၤနေ့ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အာဏာပိုင်တို့က ပြောဆိုပါတယ်။ ဒီကနေ့ တနလာၤနေ့က ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ သုံးနှစ်ပြည့်မြောက်တဲ့ နေ့လည်းဖြစ်ပါတယ်။

အရပ်သားတွေလည်း တက်ရောက်ကုသနိုင်တဲ့ Phramongkutklao စစ်ဆေးရုံရဲ့ မြေညီထပ် ပေါက်ကွဲမှု ဖြစ်တဲ့နေရာကနေ ဘက်ထရီတွေနဲ့ ဝိုင်ယာကြိုး အပိုင်းအစတွေ တွေ့ရတယ်လို့ ဒုတိယ ရဲချုပ် Srivara Ransibrahmanakul က ပြောပါတယ်။ ၂ မီတာကနေ သုံးမီတာလောက် အကျယ်အဝန်းထိ ပေါက်ကွဲခဲ့တာလို့ ရဲက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက သုံးဦးကတော့ မျက်နှာနဲ့ လည်ပင်းတွေမှာ ပြင်းပြင်းထန်ထန် ထိထားပြီး အများစုကတော့ အနည်းငယ်သာ ဒဏ်ရာရတယ်လို့ အစိုးရ ပြောခွင့်ရ Sansern Kaewkumnerd က ပြောပါတယ်။ ဘယ်သူ့ လက်ချက်ဆိုတာကိုတော့ မသိရသေးသလို ဒီပေါက်ကွဲမှုက ၂၀၁၄ ခုနှစ်က ဒီမိုကရေစီ နည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့မှုနဲ့ ဆက်စပ်နေလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘန်ကောက်ဗုံးကွဲမှု ၂၄ဦးထက်မနည်း ဒဏ်ရာရ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG