သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Interpol ညီလာခံ စစ်ကောင်စီကိုဖိတ်ကြားမှု မြန်မာအရပ်ဘက်အဖွဲ့များ ကန့်ကွက်

အရပ်ဘက်အဖွဲ့ပေါင်း ၂၅၉ ဖွဲ့ဆီက အိပ်ဖွင့်ပေးစာ
အရပ်ဘက်အဖွဲ့ပေါင်း ၂၅၉ ဖွဲ့ဆီက အိပ်ဖွင့်ပေးစာ

{{Zawgyi/Unicode}}

အင်တာပိုလ်လို့ အင်္ဂလိပ်လိုသိကြတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ညီလာခံကို စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခွင့်မပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၅၉ ဖွဲ့က တောင်းဆိုလိုက်ကြပါတယ်။ အင်တာပိုလ်အဖွဲ့ဥက္ကဋ္ဌ Kim Jong Yang ၊ အထွေထွေအတွင်းရေးမှူးချုပ် Jürgen Stock နဲ့ အလုပ်အမှုဆောင်အဖွဲ့ ဆီကို စာပေးပို့ တောင်းဆိုလိုက်ကြတာပါ။

အင်တာပိုလ်ရဲ့ အနာဂတ်အမြော်အမြင်က ကမ္ဘာသူကမ္ဘာသားတွေရဲ့လုံခြုံရေးကို ပံ့ပိုးပြီး စိတ်ချရတဲ့ကမ္ဘာဖြစ်အောင် ရဲတပ်ဖွဲ့တွေကို ချိတ်ဆက်အလုပ်လုပ်ရေး ဖြစ်တာကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ အင်တာပိုလ်ရဲ့ အနာဂတ်အမြင်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေတာကိုလည်း အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

၈၉ ကြိမ်မြောက် အထွေထွေညီလာခံကို ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ဒုတိယ ဗိုလ် ချုပ်ကြီးသန်းလှိုင် ဦးဆောင်တက်ရောက်မှာဖြစ်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားကြပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၊ COP 26 ကုလသမဂ္ဂ ရာသီဥတု ညီလာခံ၊ အာဆီယံ ထိပ်သီးအစည်းအဝေးအပြင် ယခု ကျင်းပနေတဲ့ အာဆီယံ တရုပ် ထိပ်သီးအစည်းအဝေးတွေ မှာ စစ်ကောင်စီ ကို မဖိတ်ကြားခဲ့ကြပါဘူး။

ဒါ့အပြင် ပြည်သူလူထုအပေါ် ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်တိုက်ခိုက်ခဲ့တာနဲ့ တိုက်ခိုက်နေတာက လူသားမျိုးနွယ်တရပ်လုံးအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ IIMM ကလည်း ပြောဆိုထားတာကို မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကထောက်ပြထားပါတယ်။

ဖိနှိပ်မှုမူဝါဒနဲ့ ရဲတပ်ဖွဲ့ကကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေအတွက် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်က တိုက်ရိုက်တာဝန်ရှိတဲ့အပြင် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲမှာလည်း သူ့နာမည်ထည့်ထားတာကို စာမှာ ပြောထားပါတယ်။

Interpol ညီလာခံ စစ်ကောင်စီကိုဖိတ်ကြားမှု မြန်မာအရပ်ဘက်အဖွဲ့များ ကန့်ကွက်
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်


==========

{{Unicode}}










==========

This item is part of
XS
SM
MD
LG