သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စာေရးဆရာေဒၚသန္းျမင့္ေအာင္နဲ႔ သ႐ုပ္ေဆာင္ပိုင္တံခြန္တို႔ကို ေထာင္ဒဏ္သုံးႏွစ္စီခ်မွတ္


ေဒၚသန္းျမင့္ေအာင္ နဲ႔ ပိုင္တံခြန္

စာေရးဆရာ ေဒၚသန္းျမင့္ေအာင္နဲ႔ ႐ုပ္ရွင္သ႐ုပ္ေဆာင္ပိုင္တံခြန္တို႔ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံံ႔ေဆာ္မႈနဲ႔ သီးျခားစီ တရားစြဲဆိုခဲ့ၿပီး အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ စီ တရား႐ုံးက ဒီကေန႔ အျပစ္ေပး စီရင္ခဲ့ပါတယ္။

[[Zawgyi/Unicode]]

NLD အစိုးရလက္ထက္က ရန္ကုန္တိုင္း စည္ပင္သာယာေကာ္မတီဝင္ ေဒၚသန္းျမင့္ေအာင္ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-က နဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်လိုက္ပါတယ္။ အလားတူ ေမာ္ဒလ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ကိုလည္း ပုဒ္မ ၅၀၅-က နဲ႕ပဲ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ ဒီေန႔ခ်ပါတယ္။ ဖမ္းဆီးခံထားရသူေတြထဲမွာ နာမည္ေက်ာ္ၾကားသူ ၂ ေယာက္ကို ဒီေန႔ ေထာင္ဒဏ္ ျပစ္ဒဏ္ေတြ ခ်ခဲ့တဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ေဒၚခင္မ်ိဳးသက္က တင္ျပပါမယ္။

NLD အစိုးရလက္ထက္မွာ ရန္ကုန္တိုင္း စည္ပင္သာယာေကာ္မတီဝင္ တာဝန္ကို ယူခဲ့သူ ပရဟိတကူညီေရးအလုပ္ေတြ လုပ္ကိုင္ တဲ့ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္ကို စစ္ေကာင္စီက တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႔ေဆာင္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅-က နဲ႔ ဒီဇင္ဘာ ၂၇ ရက္ တနလၤာေန႔မွာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်လိုက္ပါတယ္။ စစ္အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ထဲက ဖမ္းဆီးခံရတဲ့ ေဒၚသန္းျမင့္ေအာင္ကို ေနာက္ပိုင္းက်မွ ျပင္ဆင္တဲ့ ရာဇသတ္ႀကီး ဥပေဒ ၅၀၅-က နဲ႔ တရားစဲြၿပီး ေထာင္ခ်ခဲ့တာျဖစ္ပါတယ္။ ဒါဟာ ဥပေဒနဲ႔ ေလ်ာ္ညီမႈ မ႐ွိဘူးလို႔ ေဒၚသန္းျမင့္ေအာင္ရဲ႕ ေရွ႕ေနတဦးက ခုလိုေျပာျပပါတယ္။

ဖေဖာ္ဝါရီ ၁ရက္ေန႔ထဲကထိန္းသိမ္းခံရတယ္။ ၅၀၅-က ဆိုတာက ေဖေဖာ္ဝါရီ ၁၄ ရက္မွ နစကက ေနၿပီးေတာ့မွ ရာဇသတ္ႀကီးဥပေဒကို ျပင္တာမွေပၚေပါက္လာတာျဖစ္တယ္။ ၂၀၀၈ ဖြဲ႕ စည္း ပုံအေျခခံအရျဖစ္ေစ။ ႏိုင္ငံတကာဥပေဒအရျဖစ္ေစ ဥပေဒတရပ္က ျပဌာန္းၿပီးရင္ေနာက္ေၾကာင္း ျပန္ အာဏာ မသက္ရတဲ့အတြက္ ေဖေဖာ္ဝါရီ ၁ရက္ေန႔ကဖမ္းခံထားရတဲ့ ေဒၚသန္းျမင့္ေအာင္ကို အေရးယူ ဖို႔ မသင့္ေၾကာင္းေလွ်ာက္လဲတင္ျပတယ္။ သုံးသပ္တဲ့အခါက်ေတာ့ အဲဒါမွန္ေပမယ့္ ေဒၚသန္းျမင့္ ေအာင္ ေျပာခဲ့တဲ့ ဗြီဒီယိုဖိုင္ေတြသည္ ေဖေဖာ္ဝါရီ ၁၄ ရက္ေနာက္ပိုင္းမွ Facebook လူမႈကြန္ယက္ေတြ ေပၚမွာတက္လာလို႔တာဝန္ရွိတယ္ဆိုၿပီး YouTube မွာတက္လာလို႔ တာဝန္ရွိတယ္ဆိုၿပီး ဒီအေပၚမွာ ဒီ တိုင္းခ်တာျဖစ္တယ္လို႔ သိရပါတယ္။

အင္းစိန္ေထာင္တြင္းက အထူးတရား႐ံုးကေန ေမာ္ဒလ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ကိုလည္း အလားတူ ပုဒ္မ ၅၀၅-က နဲ႔ တနလၤာေန႔မွာပဲ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်ခဲ့ပါတယ္။ သက္ေသစစ္ေဆးၾကားနာမႈေတြ မၿပီးေသးခင္ အထူးတရား႐ံုးက အမိန္႔ခ်ခဲ့တာျဖစ္တယ္လို႔ ပိုင္တံခြန္ရဲ႕ ေရွ႕ေနတဦးက ဗြီအိုေအကို ခုလိုေျပာပါတယ္။

လိုျပသက္ေသတဦးကို စစ္ဖို႔ခ်ိန္းထားတဲ့ ႐ုံးခ်ိန္း။ အၿပီးသတ္အမိန႔္ခ်ဖို႔ဆိုတာလည္း အမ်ား ႀကီးလိုေနေသးတဲ့ အဆင့္ေတြ ဒီေန႔စစ္ဖို႔ ေခၚထားတဲ့ တရားလိုျပသက္ေသက က်န္းမာေရးေၾကာင့္လာ ေရာက္အစစ္မခံႏိုင္ဘူး ဒီအတြက္ပယ္တယ္လို႔ အမႈလိုက္အရာရွိကတင္ျပတယ္။ တင္ျပၿပီးခ်ိန္မွာ ပိုင္ တံခြန္ေရွ႕ေနကို တစုံတရာေျပာခြင့္မေပးဘဲနဲ႔ ပိုင္တံခြန္ကို တရားသူႀကီးနဲ႔ ဥပေဒအရာရွိကေခၚေတြ႕ တယ္။ ေနာက္အမႈတြဲမွာပါတဲ့ ဓါတ္ပုံေတြျပတယ္။ ဓါတ္ပုံေတြအရ ပိုင္တံခြန္အေနနဲ႔ ဆႏၵျပသပိတ္စစ္ ေၾကာင္းမွာပါတာမွန္လားေမးတယ္။ ပိုင္တံခြန္က ဓါတ္ပုံအရမွန္တယ္ေျဖတယ္ ဒါဆိုမင္းဝန္ခံတာဘဲ ထပ္မစစ္ဘဲ အမိန႔္ခ်မယ္ဆိုၿပီးအမိန႔္ခ်ေပးလိုက္တယ္။ ဒီလိုအတင္းအက်ပ္ဝန္ခံခိုင္းတာမ်ိဳး တရား သူႀကီးအေနနဲ႔ လုပ္ပိုင္ခြင့္မရွိဘူး။ တရား႐ုံးရဲ႕လုပ္ထုံးလုပ္နည္းက်င့္ထုံးနဲ႔ ညီၫႊတ္မႈမရွိတဲ့ လုပ္ရပ္နဲ႔ ေထာင္ခ်တာျဖစ္တယ္လို႔ ဒီလိုေျပာရပါတယ္။

ပိုင္တံခြန္ဟာ စစ္အာဏာသိမ္းၿပီးေနာက္ ဆန္႔က်င္ဆႏၵျပမႈေတြကို တက္တက္ၾကြၾကြလုပ္ခဲ့သူျဖစ္သလို စစ္အာဏာ႐ွင္ဆန္႔က်င္ေရးအတြက္လည္း လူသိ႐ွင္ၾကား ေျပာၾကားခဲ့သူျဖစ္ပါတယ္။ ဧၿပီလ ၈ ရက္ေန႔က သူဖမ္းဆီးခံခဲ့ရၿပီးေနာက္ အိမ္နီးခ်င္းႏိုင္ငံေတြမွာ႐ွိတဲ့ သူ႔ပရိတ္သတ္ေတြကလည္း ပိုင္တံခြန္ကို ျပန္လႊတ္ေပးဖုိ႔ ေတာင္းဆိုခဲ့ၾကပါတယ္။

#MyanmarArrest #MyanmarPoliticalPrisoners #VOABurmese
#ေဒၚသန္းျမင့္ေအာင္ #ပိုင္တံခြန္ #ဗီြအိုေအ #စစ္ေကာင္စီ

တိုက္႐ိုက္ လင့္ခ္


==================

[[Unicode]]

NLD အစိုးရလက်ထက်က ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဝင် ဒေါ်သန်းမြင့်အောင်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။ အလားတူ မော်ဒလ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း ပုဒ်မ ၅၀၅-က နဲ့ပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ဒီနေ့ချပါတယ်။ ဖမ်းဆီးခံထားရသူတွေထဲမှာ နာမည်ကျော်ကြားသူ ၂ ယောက်ကို ဒီနေ့ ထောင်ဒဏ် ပြစ်ဒဏ်တွေ ချခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ဒေါ်ခင်မျိုးသက်က တင်ပြပါမယ်။

NLD အစိုးရလက်ထက်မှာ ရန်ကုန်တိုင်း စည်ပင်သာယာကော်မတီဝင် တာဝန်ကို ယူခဲ့သူ ပရဟိတကူညီရေးအလုပ်တွေ လုပ်ကိုင် တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကို စစ်ကောင်စီက တပ်မတော်ပြိုကွဲအောင် လှုံ့ဆောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က နဲ့ ဒီဇင်ဘာ ၂၇ ရက် တနင်္လာနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ထဲက ဖမ်းဆီးခံရတဲ့ ဒေါ်သန်းမြင့်အောင်ကို နောက်ပိုင်းကျမှ ပြင်ဆင်တဲ့ ရာဇသတ်ကြီး ဥပဒေ ၅၀၅-က နဲ့ တရားစွဲပြီး ထောင်ချခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဥပဒေနဲ့ လျော်ညီမှု မရှိဘူးလို့ ဒေါ်သန်းမြင့်အောင်ရဲ့ ရှေ့နေတဦးက ခုလိုပြောပြပါတယ်။

ဖေဖော်ဝါရီ ၁ရက်နေ့ထဲကထိန်းသိမ်းခံရတယ်။ ၅၀၅-က ဆိုတာက ဖေဖော်ဝါရီ ၁၄ ရက်မှ နစကက နေပြီးတော့မှ ရာဇသတ်ကြီးဥပဒေကို ပြင်တာမှပေါ်ပေါက်လာတာဖြစ်တယ်။ ၂၀၀၈ ဖွဲ့ စည်း ပုံအခြေခံအရဖြစ်စေ။ နိုင်ငံတကာဥပဒေအရဖြစ်စေ ဥပဒေတရပ်က ပြဌာန်းပြီးရင်နောက်ကြောင်း ပြန် အာဏာ မသက်ရတဲ့အတွက် ဖေဖော်ဝါရီ ၁ရက်နေ့ကဖမ်းခံထားရတဲ့ ဒေါ်သန်းမြင့်အောင်ကို အရေးယူ ဖို့ မသင့်ကြောင်းလျှောက်လဲတင်ပြတယ်။ သုံးသပ်တဲ့အခါကျတော့ အဲဒါမှန်ပေမယ့် ဒေါ်သန်းမြင့် အောင် ပြောခဲ့တဲ့ ဗွီဒီယိုဖိုင်တွေသည် ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်းမှ Facebook လူမှုကွန်ယက်တွေ ပေါ်မှာတက်လာလို့တာဝန်ရှိတယ်ဆိုပြီး YouTube မှာတက်လာလို့ တာဝန်ရှိတယ်ဆိုပြီး ဒီအပေါ်မှာ ဒီ တိုင်းချတာဖြစ်တယ်လို့ သိရပါတယ်။

အင်းစိန်ထောင်တွင်းက အထူးတရားရုံးကနေ မော်ဒလ်သရုပ်ဆောင် ပိုင်တံခွန်ကိုလည်း အလားတူ ပုဒ်မ ၅၀၅-က နဲ့ တနင်္လာနေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချခဲ့ပါတယ်။ သက်သေစစ်ဆေးကြားနာမှုတွေ မပြီးသေးခင် အထူးတရားရုံးက အမိန့်ချခဲ့တာဖြစ်တယ်လို့ ပိုင်တံခွန်ရဲ့ ရှေ့နေတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

လိုပြသက်သေတဦးကို စစ်ဖို့ချိန်းထားတဲ့ ရုံးချိန်း။ အပြီးသတ်အမိန့်ချဖို့ဆိုတာလည်း အများ ကြီးလိုနေသေးတဲ့ အဆင့်တွေ ဒီနေ့စစ်ဖို့ ခေါ်ထားတဲ့ တရားလိုပြသက်သေက ကျန်းမာရေးကြောင့်လာ ရောက်အစစ်မခံနိုင်ဘူး ဒီအတွက်ပယ်တယ်လို့ အမှုလိုက်အရာရှိကတင်ပြတယ်။ တင်ပြပြီးချိန်မှာ ပိုင် တံခွန်ရှေ့နေကို တစုံတရာပြောခွင့်မပေးဘဲနဲ့ ပိုင်တံခွန်ကို တရားသူကြီးနဲ့ ဥပဒေအရာရှိကခေါ်တွေ့ တယ်။ နောက်အမှုတွဲမှာပါတဲ့ ဓါတ်ပုံတွေပြတယ်။ ဓါတ်ပုံတွေအရ ပိုင်တံခွန်အနေနဲ့ ဆန္ဒပြသပိတ်စစ် ကြောင်းမှာပါတာမှန်လားမေးတယ်။ ပိုင်တံခွန်က ဓါတ်ပုံအရမှန်တယ်ဖြေတယ် ဒါဆိုမင်းဝန်ခံတာဘဲ ထပ်မစစ်ဘဲ အမိန့်ချမယ်ဆိုပြီးအမိန့်ချပေးလိုက်တယ်။ ဒီလိုအတင်းအကျပ်ဝန်ခံခိုင်းတာမျိုး တရား သူကြီးအနေနဲ့ လုပ်ပိုင်ခွင့်မရှိဘူး။ တရားရုံးရဲ့လုပ်ထုံးလုပ်နည်းကျင့်ထုံးနဲ့ ညီညွှတ်မှုမရှိတဲ့ လုပ်ရပ်နဲ့ ထောင်ချတာဖြစ်တယ်လို့ ဒီလိုပြောရပါတယ်။

ပိုင်တံခွန်ဟာ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုတွေကို တက်တက်ကြွကြွလုပ်ခဲ့သူဖြစ်သလို စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက်လည်း လူသိရှင်ကြား ပြောကြားခဲ့သူဖြစ်ပါတယ်။ ဧပြီလ ၈ ရက်နေ့က သူဖမ်းဆီးခံခဲ့ရပြီးနောက် အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ သူ့ပရိတ်သတ်တွေကလည်း ပိုင်တံခွန်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

#MyanmarArrest #MyanmarPoliticalPrisoners #VOABurmese

#ဒေါ်သန်းမြင့်အောင် #ပိုင်တံခွန် #ဗွီအိုအေ #စစ်ကောင်စီ

==================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG