သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

က်ိဳက္နဲေရလယ္ဘုရား ေရႀကီးလို႔ ဘုရားဖူး ၁၅ ဦးထက္မနည္း ေသဆုံး


မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕ ေျမပုံ။ (ဓာတ္ပုံ - Google Map)

(Zawgyi / Unicode)

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္းမွာရွိတဲ့ က်ဳိက္နဲ ေရလယ္ဘုရားကို ေဒသခံေတြ ဘုရားဖူးသြားေနစဥ္ ႐ုတ္တရက္ ေရႀကီးၿပီး အနည္းဆုံး ၁၅ ဦး ေသဆုံးသြားတယ္လို႔ ေဒသတြင္း ပရဟိတ ကူညီေရးအသင္းေတြက ေျပာပါတယ္။ ေရထဲေမ်ာပါၿပီး ေပ်ာက္ဆုံးေနသူေတြကိုေတာ့ လိုက္လံရွာေဖြေနဆဲလို႔ ဆိုပါတယ္။

အခင္းျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေစတနာရွင္ လူမႈကူညီေရးအသင္းက ကိုေဝယံၿဖိဳးက ဗြီအိုေအကို အခုလို ရွင္းျပပါတယ္။

“က်ေနာ္တုိ႔က ခုခ်ိန္ထိေတာ့ ၁၅ ေလာင္းပဲရွိတယ္။ အခုေတာ့ ရွာေနတုန္းပဲရွိတယ္။ ေပ်ာက္ဆုံးဦးေရ ဘယ္ေလာက္ရွိလဲဆုိေတာ့ အဲဒီမွာက အေယာက္ ၆၀ ေလာက္ရွိတယ္လုိ႔ ေျပာတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ အခုထိ က်ေနာ္တုိ႔ ရွာေနတုန္းပဲ။ ေလွေမွာက္တာေတာ့ မဟုတ္ဘူးဗ်။ က်ေနာ္တုိ႔ လူေတြက ဘုရားသြားဖူးၾကတယ္၊ ေလွကေတာ့ ကဲ့ေပးတယ္၊ ေလွေတြကေတာ့ အမ်ားႀကီးပဲ။ ဒါေပမယ့္ အဲဒီ ဘုရားဖူးတဲ့လူေတြက ဘုရားဆီသြားဖို႔ ေလွဆီကူးၾကတယ္။ ေလွကေတာ့ အႀကီီးႀကီး မဟုတ္ဘူး၊ တစီးမွ ၁၅ ေယာက္၊ အေယာက္ ၂၀ ေလာက္ပဲ တက္လို႔ရတာ။ ေလွေပၚကို တက္ေနရင္းနဲ႔ ေရထဲကို အားလုံး နစ္သြားတာ၊ အဲဒီလိုျဖစ္တာ။”

အခုလို ဘုရားဖူးရာသီမွာ ဒီေရအတက္အက် ျဖစ္ေလ့ရွိၿပီး ေရက်ခ်ိန္ ေပၚလာတဲ့ “နတ္လမ္း” အတိုင္း ဘုရားဖူးေတြ လမ္းေလွ်ာက္သြားေနၾကခ်ိန္ ဒီေရ ႐ုတ္တရက္ တက္လာခဲ့တာလို႔ ေဒသခံ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။

ေသဆုံးသူေတြထဲ အမ်ဳိးသား၊ အမ်ဳိးသမီး အရြယ္စုံပါဝင္ၿပီး အမ်ားစုဟာ ေဝါ၊ မုတၱမ၊ ေရး၊ မုဒုံ၊ ၾကာအင္းဆိပ္ႀကီး၊ ျမဝတီနဲ႔ ရန္ကုန္တိုင္း လွည္းကူးၿမိဳ႕တို႔က ပါဝင္ၾကတယ္လို႔ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြက သတင္းထုတ္ျပန္ပါတယ္။ ေသဆုံးသူ အေရအတြက္နဲ႔ သူတို႔ရဲ႕ ေနရပ္လိပ္စာေတြကိုေတာ့ ဗြီအိုေအက သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။ အလားတူပဲ ဘယ္ႏွစ္ေယာက္ ေပ်ာက္ဆုံးေနတယ္ ဆိုတာကိုလည္း သီးျခား အတည္ျပဳလို႔ မရေသးပါဘူး။

အရင္ႏွစ္ေတြကလည္း က်ဳိက္နဲ ေရလယ္ဘုရားဖူးသြားရင္း ေရနစ္ၿပီး ေသဆုံးမႈေတြ ရွိခဲ့ဖူးတယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

အခုလို ဘုရားဖူးသူေတြ ေရထဲျဖတ္ကူးခ်ိန္မွာ ပင္လယ္ေရ ႐ုတ္တရက္ ျမင့္တက္လာျခင္းေၾကာင့္ ဘုရားဖူးသူ ၁၅ ဦး ေရထဲေမ်ာပါ ေသဆုံးၿပီး ၃၀ ဦး ေပ်ာက္ဆုံးေနတဲ့ ကိစၥအတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရက အထူးပင္ စိတ္မေကာင္းျဖစ္ရၿပီး မိသားစုမ်ားနည္းတူ ထပ္တူ ဝမ္းနည္းေၾကကြဲရပါေၾကာင္း၊ ေဒသခံ မိဘျပည္သူမ်ား အေနနဲ႔လည္း က်န္ရစ္သူ မိသားစုဝင္ေတြကို ကိုယ္အား စိတ္အားနဲ႔ ဝိုင္းဝန္းေစာင့္ေရွာက္ေပးၾကဖို႔ ေမတၱာရပ္ခံအပ္ပါေၾကာင္း NUG ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရ ယာယီသမၼတ ဒူးဝါ လရွီးလက အခင္းျဖစ္ပြားၿပီး မၾကာခင္ နာရီပိုင္းအတြင္းမွာပဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကျိုက်နဲရေလယ်ဘုရား ရေကြီးလို့ ဘုရားဖူး ၁၅ ဦးထက်မနည်း သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာရှိတဲ့ ကျိုက်နဲ ရေလယ်ဘုရားကို ဒေသခံတွေ ဘုရားဖူးသွားနေစဉ် ရုတ်တရက် ရေကြီးပြီး အနည်းဆုံး ၁၅ ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း ပရဟိတ ကူညီရေးအသင်းတွေက ပြောပါတယ်။ ရေထဲမျောပါပြီး ပျောက်ဆုံးနေသူတွေကိုတော့ လိုက်လံရှာဖွေနေဆဲလို့ ဆိုပါတယ်။

အခင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ စေတနာရှင် လူမှုကူညီရေးအသင်းက ကိုဝေယံဖြိုးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့က ခုချိန်ထိတော့ ၁၅ လောင်းပဲရှိတယ်။ အခုတော့ ရှာနေတုန်းပဲရှိတယ်။ ပျောက်ဆုံးဦးရေ ဘယ်လောက်ရှိလဲဆိုတော့ အဲဒီမှာက အယောက် ၆၀ လောက်ရှိတယ်လို့ ပြောတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အခုထိ ကျနော်တို့ ရှာနေတုန်းပဲ။ လှေမှောက်တာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ လူတွေက ဘုရားသွားဖူးကြတယ်၊ လှေကတော့ ကဲ့ပေးတယ်၊ လှေတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲဒီ ဘုရားဖူးတဲ့လူတွေက ဘုရားဆီသွားဖို့ လှေဆီကူးကြတယ်။ လှေကတော့ အကြီးကြီး မဟုတ်ဘူး၊ တစီးမှ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ တက်လို့ရတာ။ လှေပေါ်ကို တက်နေရင်းနဲ့ ရေထဲကို အားလုံး နစ်သွားတာ၊ အဲဒီလိုဖြစ်တာ။”

အခုလို ဘုရားဖူးရာသီမှာ ဒီရေအတက်အကျ ဖြစ်လေ့ရှိပြီး ရေကျချိန် ပေါ်လာတဲ့ “နတ်လမ်း” အတိုင်း ဘုရားဖူးတွေ လမ်းလျှောက်သွားနေကြချိန် ဒီရေ ရုတ်တရက် တက်လာခဲ့တာလို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။

သေဆုံးသူတွေထဲ အမျိုးသား၊ အမျိုးသမီး အရွယ်စုံပါဝင်ပြီး အများစုဟာ ဝေါ၊ မုတ္တမ၊ ရေး၊ မုဒုံ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့တို့က ပါဝင်ကြတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ သူတို့ရဲ့ နေရပ်လိပ်စာတွေကိုတော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။ အလားတူပဲ ဘယ်နှစ်ယောက် ပျောက်ဆုံးနေတယ် ဆိုတာကိုလည်း သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အရင်နှစ်တွေကလည်း ကျိုက်နဲ ရေလယ်ဘုရားဖူးသွားရင်း ရေနစ်ပြီး သေဆုံးမှုတွေ ရှိခဲ့ဖူးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို ဘုရားဖူးသူတွေ ရေထဲဖြတ်ကူးချိန်မှာ ပင်လယ်ရေ ရုတ်တရက် မြင့်တက်လာခြင်းကြောင့် ဘုရားဖူးသူ ၁၅ ဦး ရေထဲမျောပါ သေဆုံးပြီး ၃၀ ဦး ပျောက်ဆုံးနေတဲ့ ကိစ္စအတွက် အမျိုးသားညီညွတ်ရေးအစိုးရက အထူးပင် စိတ်မကောင်းဖြစ်ရပြီး မိသားစုများနည်းတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဒေသခံ မိဘပြည်သူများ အနေနဲ့လည်း ကျန်ရစ်သူ မိသားစုဝင်တွေကို ကိုယ်အား စိတ်အားနဲ့ ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါကြောင်း NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါ လရှီးလက အခင်းဖြစ်ပွားပြီး မကြာခင် နာရီပိုင်းအတွင်းမှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG