သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား

မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား
မန်ယူကိုဝယ်ဖို့ ဗိုလ်ချုပ်မှူးကြီး စဉ်းစားခဲ့သလား

သတင်းပေးပို့ချက်တွေအရ မြန်မာနိုင်ငံ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ (၁ ဘီလီယံ) ပေးပြီး ဝယ်ယူဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ မတိုင်ခင်က မြေးဖြစ်သူ တိုက်တွန်းလို့ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ ငွေပေါင်း ၁ ဘီလီယံဒေါ်လာ အကုန်ခံပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ဖို့ စဉ်းစားခဲ့တယ်လို့ ဝီကီလိခ် (WikiLeaks) အင်တာနက် စာမျက်နှာ ဖွင့်ချမှုကနေ အဲဒီနှစ် ဇွန်လမှာ အမေရိကန်သံရုံး သံတမန် ကြေးနန်းစာတွေက ဖော်ပြခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး မုန်တိုင်းဒဏ်ကို ခံခဲ့ရတာကြောင့် ဒီအကြံကို စွန့်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအစီအစဉ်အစား National Football League လို့ခေါ်တဲ့ အမျိုးသား ဘောလုံးအဖွဲ့ချုပ်ကို မြန်မာအစိုးရက ထူထောင်ခဲ့တယ်လို့ သိရပါတယ်။

This item is part of
XS
SM
MD
LG