[[Zawgyi/Unicode]]
စစ္ေရးတင္းမာေနတဲ့ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕အတြင္း ဒီေန႔မနက္ပိုင္းကစၿပီး တိုက္ပြဲျဖစ္ပြါးေနသလို ေနအိမ္ေတြမီးေလာင္ကြ်မ္းခဲ့တယ္လို႕ ေဒသခံေတြကေျပာပါတယ္။ ဒီေန႔ မီးေလာင္မွဳအေျခအေန အတိအက်မသိရေသးေပမယ့္ စစ္ေကာင္စီတပ္ဘက္က မီး႐ိႈ႕တာလို႔ ေဒသခံေတြက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ မင္းတပ္ၿမိဳ႕နယ္မွာလည္း လက္နက္ႀကီးနဲ႔ပစ္ခတ္လို႔ ကေလးငယ္တဦးဒဏ္ရာရခဲ့တယ္လို႕ ေဒသခံေတြကေျပာပါတယ္။ ခ်င္းျပည္နယ္ဘက္က စစ္ေရးတင္းမာေနတဲ့ အေျခအေန ရန္္ကုန္ကေပးပို႕တဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။
ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕အတြင္း ဒီေန႔ ေမလ (၂၃) ရက္မနက္ပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံခ်င္းကာကြယ္ေရးအဖြဲ႔တို႔ၾကား ပစ္ခတ္တိုက္ခိုက္ခဲ့ၾကၿပီး ေနအိမ္ေတြလည္း မီးရွိဳ႕ခံ ရတယ္လို႔ စစ္ေရွာင္ၿမိဳ႕ခံတဦးက ေျပာပါတယ္။
"မီးခိုးလုံးေတြေပါ့ေနာ္။ ဒီမနက္ပိုင္းမွာ၊ ေန႔လယ္ပိုင္းေကာ မီးခိုးလုံးေတြေတာ္ေတာ္တက္တယ္။ အဲဒါ မီးေလာင္တယ္နဲ႔တူတယ္။ တိုက္ပြဲျဖစ္တာနဲ႔ တူပါတယ္။ တိုက္ပြဲျဖစ္ၿပီးမွ စစ္ေကာင္စီအဖြဲ႔ေတြက လူေနအိမ္ေတြကို ရမ္းသန္းၿပီးမွ လက္နက္ႀကီးေတြနဲ႔ပစ္။ ေနာက္ လူကိုယ္တိုင္သြားၿပီး မီးရွိဳ႕ေပါ့ေနာ္။ အဲဒီလိုမ်ိဳးပဲ လုပ္ေနက်ဆိုေတာ့ေလ။"
ထန္တလန္ၿမိဳ႕အတြင္း တိုက္ပြဲဟာ ညေနပိုင္းအထိ ျပင္းထန္ျဖစ္ပြါးေနေပမယ့္ ထိခိုက္မွဳကို မသိရေသးသလို ေနအိမ္ ဘယ္ေလာက္ မီးေလာင္သြားတယ္ဆိုတာကိုလဲ မသိရေသးဘူးလို႔ CDF - Thantlang ေျပာခြင့္ရက ဗြီအိုေအကို ေျပာပါတယ္။ ႏွစ္ဘက္တိုက္ပြဲေတြေၾကာင့္ ထန္တလန္ၿမိဳ႕ ဒီေန႔ ေမလ ၂၃ ရက္အထိ္ မီး႐ိႈ႕တာအပါအဝင္ မီးေလာင္ကြ်မ္းခဲ့တာ (၂၈) ႀကိမ္ေျမာက္ရွိၿပီျဖစ္ၿပီး စုစုေပါင္း အိမ္ေၿခ (၁,၀၀၀) ေက်ာ္ မီးရွို႕ခံခဲ့ရေၾကာင္း ၿမိဳ႕ခံေတြက ေျပာပါတယ္။
စစ္ေကာင္စီတပ္နဲ႔ ေဒသခံခ်င္းကာကြယ္ေရးအဖြဲ႔တို႔ၾကား တိုက္ပြဲ စျဖစ္ခ်ိန္ကစလို႔ ထန္တလန္ၿမိဳ႕တြင္းမွာ လူအားလုံးတိမ္းေရွာင္ေနၾကရပါတယ္။
စစ္ေဘးေရွာင္ ထန္တလန္ၿမိဳ႕ခံေတြရဲ႕အေျခအေနကိုေတာ့ အဆိုပါၿမိဳ႕ခံကပဲ အခုလို ဆက္ေျပာပါတယ္။
"ထန္တလန္ၿမိဳ႕ေပၚမွာက်ေတာ့ က်ေနာ္တို႔ ျပည္သူလူထုကမရွိေတာ့ဘူးေလ။ မႏွစ္ စက္တင္ ဘာလေလာက္က ဒီမွာ ထန္တလန္ၿမိဳ႕ေပၚမွာရွိတဲ့ျပည္သူလူထုေတြအားလုံးက အနီးနားမွာရွိတဲ့ရြာေတြ မီဇိုရမ္ေပါ့ေနာ္။ စစ္ေဘးေရွာင္ဘဝနဲ႕ေျပးၾကတာအခုဆိုရင္ (၇) လေက်ာ္ (၈) လ ထဲ ေရာက္ေနၿပီေလ။ ထန္တလန္ၿမိဳ႕ကိုလည္း အရမ္းကို သတိရေနၿပီေလ။ ထန္တလန္ၿမိဳ႕ေပၚမွာ ျပည္သူလူထု တေယာက္မွ မရွိေတာ့ဘူး။ အဲဒီစစ္ေကာင္စီအဖြဲ႕ေတြပဲ ရွိတာ။”
ထန္တလန္ၿမိဳ႕ခံတေသာင္းေက်ာ္ကေတာ့ နီးစပ္ရာ ေဆြမ်ိဳးသားခ်င္းအိမ္ေတြ၊ ထန္တလန္ၿမိဳ႕နဲ႔ (၁၀) မိုင္အကြာမွာရွိတဲ့ စစ္ေရွာင္စခန္းနဲ႔ အိႏၵိယနိုင္ငံ၊ မီဇိုရမ္ျပည္နယ္ဘက္မွာ တိမ္းေရွာင္ေနၾကရပါတယ္။
ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕နယ္မွာလည္း တိုက္ပြဲျဖစ္ပြါးတာမရွိေပမယ့္ စစ္ေကာင္စီတပ္က ဒီေန႔ မနက္မွာ လက္နက္ႀကီးနဲ႔ အႀကိမ္ႀကိမ္ ပစ္ခတ္မွဳေၾကာင့္ မဒပ္ေက်းရြာသား ကေလးငယ္တဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ မင္းတပ္ေဒသခံ တဦးက ေျပာပါတယ္။
"မဒပ္ေက်းရြာကို စကခေတြ လက္နက္ႀကီးနဲ႕လွမ္းထုတာ ကေလးတေယာက္ေတာ့ ေျခေထာက္နဲ႔လက္မွာ ဒဏ္ရာ ႀကီးႀကီးမားမားရသြားတယ္။"
လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲမႈေၾကာင့္ အသက္ ၁၁ ႏွစ္အရြယ္ခန္႔ရွိေသာ ကေလးငယ္တဦး ေျခေထာက္ ျပတ္သြားၿပီး ဒဏ္ရာရကေလးငယ္ကို မင္းတပ္ၿမိဳ႕ကတဆင့္ မႏၲေလးေဆးရံုကို အေရးေပၚပို႔ ေဆာင္ခဲ့ရပါတယ္။
ၿပီးခဲ့တဲ့စေနေန႕ကလည္း မင္းတပ္ၿမိဳ႕အေရွ႕ျပင္ မီးသတ္ကုန္းမွာ တပ္စြဲထားေသာ စစ္ေကာင္စီတပ္ကို CDF-Mindat ဘက္က သြားေရာက္ပစ္ခတ္ခဲ့လို႔ စစ္ေကာင္စီဘက္က ၂ ဦး က်ဆံုးခဲ့တယ္လို႔ CDF-Mindat က ထုတ္ျပန္ထားပါတယ္။
ထန္တလန္နဲ႔ မင္းတပ္ၿမိဳ႕နယ္ဘက္ ပစ္ခတ္တိုက္ခိုက္မွဳအေျခအေနကိုသိရွိဖို႔ စစ္ေကာင္ စီ ေျပာခြင့္ရကို ဆက္သြယ္ ခဲ့ေပမယ့္ မရခဲ့ပါဘူး။ ခ်င္းျပည္နယ္နဲ႔ကပ္လ်က္ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕နယ္ ေတာင္ပိုင္းေဒသမွာ နယ္ေျမရွင္းလင္းေရး လုပ္ေနတဲ့ စစ္ေကာင္စီ စစ္ေၾကာင္းက တပ္ေနာက္ဆုတ္သြားခဲ့ေပမယ့္ ေဒသခံစစ္ေရွာင္အမ်ားစုက ေနရပ္မျပန္နိုင္ၾကေသးပါဘူး။
အထူးသျဖင့္ ပ်ဴေစာထီးအဖြဲ႔ေတြ အင္အားေကာင္းတဲ့ေက်းရြာေတြမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ေတြ က်န္ရွိေနေသးလို႔ လုံျခံဳေရးအရစိတ္မခ်ရလို႔ မျပန္ေသးဘူးလို႔ တင္သားေက်းရြာ ေဒသခံ ကိုဖိုးလုံးက ေျပာပါတယ္။
"မျပန္နိုင္ေသးပါဘူးဗ်ာ။ စစ္ေၾကာင္းကထြက္ေပမယ့္လည္း က်ေနာ္တို႔ ေရရွင္ အလယ္တန္း ရွားေတာဖိုရြာက ေတာင္ဘက္မွာပ်ဴရြာ (ပ်ဴေစာထီး) ေတြနဲ႔ကပ္ေနလို႔ေလ။ သူတို႔လက္နက္ႀကီးနဲ႔လွမ္းပစ္ေတာ့မီတဲ့ရြာေတြဆိုေတာ့ ျပန္မေနရဲေတာ့တာ။ တျခား ဒီအလယ္ရြာက်တဲ့ ေက်ာက္ဖူးဘုန္းႀကီးေက်ာင္းရယ္၊ ဒိုးႏြယ္ဘုန္းႀကီးေက်ာင္းရယ္ ေတာေတာင္ထဲမွာေနတာေတြေရာ စစ္ေရွာငစခန္းေတြေဆာက္ထားတာ အဲဒီမွာပဲ ေနေနတာ။"
စစ္ေကာင္စီတပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရး PDF အဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေနတဲ့ ကေလးၿမိဳ႕နယ္ေတာင္ပိုင္းေဒသက ေရရွင္၊ လယ္ျခား၊ ကုကၠဳိလ္၊ ရွားေတာ၊ တင္သား၊ အေရွ႕စည္း၊ နတ္ေခ်ာင္း၊ ရွားဖို အစရွိတဲ့ ရြာ (၉) ရြာ မီးရွိဳ႕ခံရၿပီးအိမ္ေျခ (၂,၀၀၀) ေလာက္ မီေလာင္ကြ်မ္းခဲ့ပါတယ္။
ေဒသခံရြာသား ႏွစ္ေသာင္းေလာက္ဟာ ေတာေတာင္ေတြထဲမွာ ယာယီေနသူေတြရွိသလို နီးစပ္ရာေဆြမ်ိဳးသားခ်င္း ႐ြာေတြ အိမ္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းေတြမွာ ခိုလႈံေနရသူေတြလည္းရွိပါတယ္။
စစ္ေဘးေရွာင္ေနရတာ အခ်ိန္ၾကာလာတာနဲ႔အမွ် အကူအညီရဖို႔ ပိုၿပီး ခက္ခဲလာေနၿပီး စားဝတ္ေနေရးအပိုင္းမွာ ခက္ခဲလာေနတယ္လို႔ စစ္ေဘးေရွာင္ရြာသားေတြကေျပာပါတယ္။
===========
[[Unicode]]
ထန်တလန်မှာ တိုက်ပွဲဖြစ်၊ နေအိမ်တွေမီးရှို့ခံရ
စစ်ရေးတင်းမာနေတဲ့ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဒီနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွါးနေသလို နေအိမ်တွေမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ မီးလောင်မှုအခြေအနေ အတိအကျမသိရသေးပေမယ့် စစ်ကောင်စီတပ်ဘက်က မီးရှို့တာလို့ ဒေသခံတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။ မင်းတပ်မြို့နယ်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ်တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ချင်းပြည်နယ်ဘက်က စစ်ရေးတင်းမာနေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့အတွင်း ဒီနေ့ မေလ (၂၃) ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး နေအိမ်တွေလည်း မီးရှို့ခံ ရတယ်လို့ စစ်ရှောင်မြို့ခံတဦးက ပြောပါတယ်။
"မီးခိုးလုံးတွေပေါ့နော်။ ဒီမနက်ပိုင်းမှာ၊ နေ့လယ်ပိုင်းကော မီးခိုးလုံးတွေတော်တော်တက်တယ်။ အဲဒါ မီးလောင်တယ်နဲ့တူတယ်။ တိုက်ပွဲဖြစ်တာနဲ့ တူပါတယ်။ တိုက်ပွဲဖြစ်ပြီးမှ စစ်ကောင်စီအဖွဲ့တွေက လူနေအိမ်တွေကို ရမ်းသန်းပြီးမှ လက်နက်ကြီးတွေနဲ့ပစ်။ နောက် လူကိုယ်တိုင်သွားပြီး မီးရှို့ပေါ့နော်။ အဲဒီလိုမျိုးပဲ လုပ်နေကျဆိုတော့လေ။"
ထန်တလန်မြို့အတွင်း တိုက်ပွဲဟာ ညနေပိုင်းအထိ ပြင်းထန်ဖြစ်ပွါးနေပေမယ့် ထိခိုက်မှုကို မသိရသေးသလို နေအိမ် ဘယ်လောက် မီးလောင်သွားတယ်ဆိုတာကိုလဲ မသိရသေးဘူးလို့ CDF - Thantlang ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထန်တလန်မြို့ ဒီနေ့ မေလ ၂၃ ရက်အထိ မီးရှို့တာအပါအဝင် မီးလောင်ကျွမ်းခဲ့တာ (၂၈) ကြိမ်မြောက်ရှိပြီဖြစ်ပြီး စုစုပေါင်း အိမ်ခြေ (၁,၀၀၀) ကျော် မီးရှို့ခံခဲ့ရကြောင်း မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေးအဖွဲ့တို့ကြား တိုက်ပွဲ စဖြစ်ချိန်ကစလို့ ထန်တလန်မြို့တွင်းမှာ လူအားလုံးတိမ်းရှောင်နေကြရပါတယ်။
စစ်ဘေးရှောင် ထန်တလန်မြို့ခံတွေရဲ့အခြေအနေကိုတော့ အဆိုပါမြို့ခံကပဲ အခုလို ဆက်ပြောပါတယ်။
"ထန်တလန်မြို့ပေါ်မှာကျတော့ ကျနော်တို့ ပြည်သူလူထုကမရှိတော့ဘူးလေ။ မနှစ် စက်တင် ဘာလလောက်က ဒီမှာ ထန်တလန်မြို့ပေါ်မှာရှိတဲ့ပြည်သူလူထုတွေအားလုံးက အနီးနားမှာရှိတဲ့ရွာတွေ မီဇိုရမ်ပေါ့နော်။ စစ်ဘေးရှောင်ဘဝနဲ့ပြေးကြတာအခုဆိုရင် (၇) လကျော် (၈) လ ထဲ ရောက်နေပြီလေ။ ထန်တလန်မြို့ကိုလည်း အရမ်းကို သတိရနေပြီလေ။ ထန်တလန်မြို့ပေါ်မှာ ပြည်သူလူထု တယောက်မှ မရှိတော့ဘူး။ အဲဒီစစ်ကောင်စီအဖွဲ့တွေပဲ ရှိတာ။”
ထန်တလန်မြို့ခံတသောင်းကျော်ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်းအိမ်တွေ၊ ထန်တလန်မြို့နဲ့ (၁၀) မိုင်အကွာမှာရှိတဲ့ စစ်ရှောင်စခန်းနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ တိမ်းရှောင်နေကြရပါတယ်။
ချင်းပြည်နယ်မင်းတပ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်ပွါးတာမရှိပေမယ့် စစ်ကောင်စီတပ်က ဒီနေ့ မနက်မှာ လက်နက်ကြီးနဲ့ အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာသား ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မင်းတပ်ဒေသခံ တဦးက ပြောပါတယ်။
"မဒပ်ကျေးရွာကို စကခတွေ လက်နက်ကြီးနဲ့လှမ်းထုတာ ကလေးတယောက်တော့ ခြေထောက်နဲ့လက်မှာ ဒဏ်ရာ ကြီးကြီးမားမားရသွားတယ်။"
လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၁ နှစ်အရွယ်ခန့်ရှိသော ကလေးငယ်တဦး ခြေထောက် ပြတ်သွားပြီး ဒဏ်ရာရကလေးငယ်ကို မင်းတပ်မြို့ကတဆင့် မန္တလေးဆေးရုံကို အရေးပေါ်ပို့ ဆောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့စနေနေ့ကလည်း မင်းတပ်မြို့အရှေ့ပြင် မီးသတ်ကုန်းမှာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Mindat ဘက်က သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ CDF-Mindat က ထုတ်ပြန်ထားပါတယ်။
ထန်တလန်နဲ့ မင်းတပ်မြို့နယ်ဘက် ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုသိရှိဖို့ စစ်ကောင် စီ ပြောခွင့်ရကို ဆက်သွယ် ခဲ့ပေမယ့် မရခဲ့ပါဘူး။ ချင်းပြည်နယ်နဲ့ကပ်လျက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းဒေသမှာ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းက တပ်နောက်ဆုတ်သွားခဲ့ပေမယ့် ဒေသခံစစ်ရှောင်အများစုက နေရပ်မပြန်နိုင်ကြသေးပါဘူး။
အထူးသဖြင့် ပျူစောထီးအဖွဲ့တွေ အင်အားကောင်းတဲ့ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကျန်ရှိနေသေးလို့ လုံခြုံရေးအရစိတ်မချရလို့ မပြန်သေးဘူးလို့ တင်သားကျေးရွာ ဒေသခံ ကိုဖိုးလုံးက ပြောပါတယ်။
"မပြန်နိုင်သေးပါဘူးဗျာ။ စစ်ကြောင်းကထွက်ပေမယ့်လည်း ကျနော်တို့ ရေရှင် အလယ်တန်း ရှားတောဖိုရွာက တောင်ဘက်မှာပျူရွာ (ပျူစောထီး) တွေနဲ့ကပ်နေလို့လေ။ သူတို့လက်နက်ကြီးနဲ့လှမ်းပစ်တော့မီတဲ့ရွာတွေဆိုတော့ ပြန်မနေရဲတော့တာ။ တခြား ဒီအလယ်ရွာကျတဲ့ ကျောက်ဖူးဘုန်းကြီးကျောင်းရယ်၊ ဒိုးနွယ်ဘုန်းကြီးကျောင်းရယ် တောတောင်ထဲမှာနေတာတွေရော စစ်ရှောငစခန်းတွေဆောက်ထားတာ အဲဒီမှာပဲ နေနေတာ။"
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေတဲ့ ကလေးမြို့နယ်တောင်ပိုင်းဒေသက ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ တင်သား၊ အရှေ့စည်း၊ နတ်ချောင်း၊ ရှားဖို အစရှိတဲ့ ရွာ (၉) ရွာ မီးရှို့ခံရပြီးအိမ်ခြေ (၂,၀၀၀) လောက် မီလောင်ကျွမ်းခဲ့ပါတယ်။
ဒေသခံရွာသား နှစ်သောင်းလောက်ဟာ တောတောင်တွေထဲမှာ ယာယီနေသူတွေရှိသလို နီးစပ်ရာဆွေမျိုးသားချင်း ရွာတွေ အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသူတွေလည်းရှိပါတယ်။
စစ်ဘေးရှောင်နေရတာ အချိန်ကြာလာတာနဲ့အမျှ အကူအညီရဖို့ ပိုပြီး ခက်ခဲလာနေပြီး စားဝတ်နေရေးအပိုင်းမှာ ခက်ခဲလာနေတယ်လို့ စစ်ဘေးရှောင်ရွာသားတွေကပြောပါတယ်။
============