သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ဆန့်ကျင်ရေး ဗီယက်နမ်မှာ ဆန္ဒပြ


တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ခဲ့ဲတဲ့ သွေးချောင်းစီးတိုက်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ဗီယက်နမ်မှာ ကျင်းပ။ (ဇန်နဝါရီလ ၁၉၊ ၂၀၁၄)
တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ခဲ့ဲတဲ့ သွေးချောင်းစီးတိုက်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ဗီယက်နမ်မှာ ကျင်းပ။ (ဇန်နဝါရီလ ၁၉၊ ၂၀၁၄)
တောင်တရုတ်ပင်လယ်ထဲမှာဖြစ်ခဲ့ဲတဲ့ သွေးချောင်းစီးတိုက်ပွဲ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗီယက်နမ်အစိုးရက နှောင့်ယှက် ဟန့်တားခဲ့တဲ့ အတွက် တက်ကြွလှုပ်ရှားသူတွေက အစိုးရကို ဝေဖန် ပြစ်တင် လိုက်ပါတယ်။ ဟနွိုင်းမြို့တော်မှာ တနင်္ဂနွေနေ့က စုဝေးခဲ့ကြတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာဟာ အလျင်အမြန်ပဲ ဖြိုခွဲခံခဲ့ရ တာပါ။

လူမှုဆက်သွယ်ရေးကွန်ယက် အင်တာနက်စာမျက်နှာတွေပေါ်မှာ တင်ခဲ့တဲ့ ဗွီဒီယိုတွေမှာ ဆန္ဒပြသူတချို့က တရုတ် ဆန့်ကျင်ရေး ကြွေးကျော် သံတွေ အော်ဟစ်တာကို ကြားရပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့အသံကို လုံခြုံရေးအရာရှိတွေ လော်စပီကာနဲ့အော်တဲ့ သတိပေးသံတွေက ဖုံးသွားပါတယ်။

ဆန္ဒပြသူအရေအတွက်ထက် လုံခြုံရေးအင်အားက နှစ်ဆ ပိုများတယ်လို့ တရုတ်ယဉ်ကျေးမှုဆိုင်ရာ ဗီယက်နမ်ကျွမ်းကျင်သူ Nguyen Xuan Dien က ပြောပါတယ်။ Paracel ကျွန်းတွေနဲ့ပတ်သက်ပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီလက တရုတ်နဲ့ဖြစ်ခဲ့တဲ့ ပင်လယ်ပြင်တိုက်ပွဲမှာ အဲဒီအချိန်က အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ တောင်ဗီယက်နမ်ရေတပ်က
ရေတပ်သား ၇၄ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG