သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက် ၈၀ ရောခ့်အကျော်အမော် ရိုးလင်းစတုံးစ် ဖျော်ဖြေပွဲ


အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဖျော်ဖြေနေတဲ့ ဗြိတိသျှနာမည်ကျော် Rolling Stones ရော့ခ်ဂီတအဖွဲ့ (ဧပြီ ၂၈၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဖျော်ဖြေနေတဲ့ ဗြိတိသျှနာမည်ကျော် Rolling Stones ရော့ခ်ဂီတအဖွဲ့ (ဧပြီ ၂၈၊ ၂၀၂၄)

ဗြိတိသျှနာမည်ကျော် ရော့ခ်ဂီတအဖွဲ့ ဖြစ်တဲ့ Rolling Stones ရိုးလင်းစတုံးစ်အဖွဲ့ အမေရိကန် ပြည်ထောင်စုတလွှား ဖျော်ဖြေပွဲခရီးစဉ်ကို ဧပြီလ ၂၈ ရက်နေ့ ၂၀၂၄ က စတင်တော့ ပထမဆုံးဖျော်ဖြေတဲ့ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ကို အနယ်နယ်အရပ်ရပ်က ပရိသတ်တွေ ရောက်လာခဲ့ကြတာပါ။ ဂီတသက်တမ်းအရှည်ဆုံး ရော့ခ်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရိုးလင်းစတုံးစ်အဖွဲ့က အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတို့မှာ ဇူလိုင်လအထိ ပွဲပေါင်း ၁၆ ပွဲ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ နှုတ်ခမ်းနဲ့ လျှာပုံ တီရှပ်အင်္ကျီတွေနဲ့ ပရိသတ်တွေ NRG အားကစားရုံကြီးအပြည့် အားပေးခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က စတင်ဖွဲ့စည်းခဲ့တဲ့ ရိုးလင်းစတုံးစ်အဖွဲ့ဟာ သူတို့ရဲ့ နာမည်အကျော်ဆုံး သီချင်းတပုဒ်ဖြစ်တဲ့ “Start me up” သီချင်းနဲ့ ရှိုးပွဲကို ဖွင့်ခဲ့ပြီး ပင်တိုင်အဆိုတော် Mick Jagger မစ် ဂျက်ဂါက ငွေရောက်လက်လက်အပေါ်ဝတ်ဂျက်ကက်ရယ်၊ ငွေပြားကပ်ရှပ်အင်္ကျီရယ်နဲ့ ဂျင်းဘောင်းဘီ အနက်ရောင် ဝတ်ထွက်လာတာပါ။ ၁၉၈၁ ခုနှစ်က နာမည်အကျော်ဆုံးသီချင်းနဲ့ အတူ ပရိသတ်တွေ လိုက်ပါ ကနေခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဖျော်ဖြေနေတဲ့ ဗြိတိသျှနာမည်ကျော် Rolling Stones ရော့ခ်ဂီတအဖွဲ့ (ဧပြီ ၂၈၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ ဖျော်ဖြေနေတဲ့ ဗြိတိသျှနာမည်ကျော် Rolling Stones ရော့ခ်ဂီတအဖွဲ့ (ဧပြီ ၂၈၊ ၂၀၂၄)

အဆိုတော်ကြီး မစ် ဂျက်ဂါက အသက် ၈၀ ရှိပြီဖြစ်ပြီး အခုထိ ဆိုနိုင်ဆဲ၊ သီချင်းနဲ့အတူ ကနိုင်ဆဲ၊ စင်မြင့်ပေါ်မှာ ဟိုဒီပြေးလွှား ရှိတ်ဆွဲနိုင်ဆဲ ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ မူရင်းအဖွဲ့သားတွေ ဖြစ်တဲ့ Keith Richards ကိသ် ရစ်ချက်စ် အသက် ၈၀ နဲ့ ရော်နီဝတ်ဒ် အသက် ၇၆ နှစ်လည်း လက်မကျပဲ တီးခတ်နိုင်ဆဲဖြစ်ပါတယ်။

လက်မှတ်အရောင်းဝက်ဘ်ဆိုက်စာမျက်နှာ StubHub စတက်ဘ် ဟတ်ဘ်ရဲ့ သတင်းအရ ပွဲမစခင် ၂ နာရီအလိုမှာ လက်မှတ်စုစုပေါင်းအကုန်နီးပါး (၉၈%) ရောင်းချရပြီးပြီလို့ ပြောပါတယ်။

ဟုတ်ပါတယ်၊ သူတို့ပွဲကို လူကြီး၊ လူငယ် အရွယ်စုံလာအားပေးကြတာ တွေ့ရပါတယ်။ သူတို့ သီချင်းတွေခေတ် အသက် ၆၀ ကျော် ပရိသတ်တွေလည်း အများကြီး ရောက်လာခဲ့ကြတာပါ။

ပွဲဖျော်ဖြေချိန် ၂ နာရီအတွင်းမှာ သီချင်း ၁၈ ပုဒ်နဲ့ သီဆိုဖျော်ဖြေသွားပြီး နောက်ဆုံးထွက်ထားတဲ့ Hackney Diamonds တေးဓာတ်ပြားထဲက သီချင်း ၃ပုဒ်လည်း ပါဝင်ပါတယ်။

ရိုးလင်းစတုံးစ်က သူတို့ပွဲကို "(I can't get no) Satisfaction" ဆိုတဲ့ သီချင်းကို ပွဲသိမ်းသီချင်းအဖြစ်နဲ့ သီဆိုပေးသွားပါတယ်။ သူတို့က ဒုတိယပွဲစဉ်အဖြစ် နယူးအော်လင်းစ် Jazz and Heritage ဂျက်ဇ် အန်ဒ် ဟဲရတေ့ချ်ပွဲတော်မှာ ဖျော်ဖြေဖို့ရှိပါတယ်။

Forum

XS
SM
MD
LG