သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်း သေနတ်သမား သေဒဏ် စီရင်မှု လက်တုန့်ပြန်မယ်လို့ တာလီဘန် ခြိမ်းခြောက်


တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ပြီး သေဒဏ်အပေးခံရသူ တိုက်ခိုက်ရေးသမား Mohammed Ajmal Kasab,
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့မှုနဲ့ ပါကစ္စတန်သေနတ်သမား တဦးကို သေဒဏ်ပေးလိုက်တဲ့အပေါ် သူတို့အနေနဲ့ ဂလဲ့စားခြေမှာ ဖြစ်တယ်လို့ တာလီဘန်တွေ က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် လူ ၁၆၆ ယောက် သေဆုံးခဲ့ရတဲ့ဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် အိန္ဒိယအစိုးရက Mohammed Ajmal Kasab ကို သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

Kasab ရဲ့ အလောင်းကို သူ့ရဲ့မိသားစုဝင်တွေဆီ ဒါမှမဟုတ် တာလီဘန်တွေလက်ထဲ ပြန်ပေးရ မယ်လို့ ပါကစ္စတန်အခြေစိုက် တာလီဘန်ပြောခွင့်ရ Ahsanullah Ahsan က အေပီသတင်းဌာန ကို ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

မစ္စတာ Kasab ကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယအစိုးရက သေဒဏ်စီရင်လိုက်ပြီး ထောင်ထဲမှာပဲ သဂြိင်္ုဟ်လိုက်တာဖြစ်ပါတယ်။ မစ္စတာ Kasab ဟာ မွမ်ဘိုင်းမြို့အတွင်း သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကြား တိုက်ခိုက်သူ ကိုးဦးသေဆုံးပြီး တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူလည်းဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သူဟာ ပါကစ္စတန်အခြေစိုက် တာလီဘန်စစ်သွေးကြွတွေ မွမ်ဘိုင်း တိုက်ခိုက်မှုအတွင်း ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ဝန်ခံပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားဝန်ကြီး Salman Khurshird ကတော့ ရုပ်အလောင်းကို ပြန်သယ်ဖို့ Kasab ရဲ့ မိသားစုနဲ့ ပါကစ္စတန်အစိုးရကို ဆက်သွယ်ခဲ့ပေမဲ့ အခုအချိန်အထိ Kasab ရဲ့ အလောင်းကို လက်ခံဖို့ ဘယ်တောင်းဆိုချက်ကိုမှ လက်ခံရရှိခြင်း မရှိသေးဘူးလို့ပြောပါတယ်။
XS
SM
MD
LG