သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်းချီဆရာ သမ္မတဟောင်း George Bush


ပြပွဲမှာ မစ္စတာ Bush ရဲ့ သမ္မတသက်တမ်း ၂၀၀၁ ခုနှစ် ကနေ ၂၀၀၉ခုနှစ်အတွင်း သူလက်တွဲပြီးလုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပုံတူတွေကို ရေးဆွဲ ထားတာ ပြသထားပါတယ်။
ပြပွဲမှာ မစ္စတာ Bush ရဲ့ သမ္မတသက်တမ်း ၂၀၀၁ ခုနှစ် ကနေ ၂၀၀၉ခုနှစ်အတွင်း သူလက်တွဲပြီးလုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ပုံတူတွေကို ရေးဆွဲ ထားတာ ပြသထားပါတယ်။
အမေရိကန် သမ္မတဟောင်း George W Bush ဟာ အခု ပန်းချီဆရာ တစ်ဦးဖြစ်နေပါပြီ။ သူရေးဆွဲတဲ့ ပန်းချီတွေကတော့ သူကောင်းကောင်း အကျွမ်းဝင်တဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ ပုံတွေပါ။ မစ္စတာ Bush ရေးဆွဲတဲ့ ပုံတွေကို တက္ကဆက်ပြည်နယ် Dulles မြိုု့မှာရှိတဲ့ George W Bush စာကြည့်တိုက်နဲ့ ပြတိုက်မှာ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ ဒီ ပန်းချီပြပွဲကို The Art of Leadership ခေါင်းဆောင်မှု အနုပညာ သမ္မတတစ်ဦးရဲ့ Personal Diplomacy ပုဂ္ဂိုလ်ရေး သံခင်းတမန်ခင်း လို့ အမည်ပေးထားပါတယ်။

ဒီပြပွဲမှာ မစ္စတာ Bush ရဲ့ သမ္မတသက်တမ်း ၂၀၀၁ ခုနှစ် ကနေ ၂၀၀၉ခုနှစ်အတွင်း သူလက်တွဲပြီးလုပ်ဆောင်ခဲ့တဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ ပုံတူတွေကို သူရေးဆွဲထားတာ ပြသမှာပါ။ ဒီအထဲမှာ ရုရှားသမ္မတ Vladimir Putin အရင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Tony Blair နဲ့ တိဘက် ဘာသာရေးခေါင်းဆောင် Dalai Lama တို့လည်း ပါဝင်ပါတယ်။

မစ္စတာ Bush ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကစပြီး ပန်းချီ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီပြပွဲနဲ့ပါတ်သက်ပြီး NBC ရုပ်သံမှာ တာဝန်ထမ်းဆောင်နေတဲ့ သမီးဖြစ်သူ Jenna Bush Hager က မေးမြန်းရာမှာ မစ္စတာ Bush က သူ့ကိုယ်သူ တကယ့် ပန်းချီကျော်ကြီး တစ်ယောက်လို မခံယူပေမယ့် သူ့အတွက် ကမ္ဘာ ကဏ္ဍသစ်တစ်ရပ် ကို လမ်းပွင့်သွားတာလို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG