သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Artist ရုပ်ရှင် အော်စကာ အဓိကဆုတွေ ချီးမြင့်ခံရ


The Artist ရုပ်ရှင် အော်စကာ အဓိကဆုတွေ ချီးမြင့်ခံရ
The Artist ရုပ်ရှင် အော်စကာ အဓိကဆုတွေ ချီးမြင့်ခံရ

တနင်္ဂနွေနေ့ညက ဟောလိဝုဒ်မှာ ကျင်းပခဲ့တဲ့ (၈၄) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ The Artist ဆိုတဲ့ အဖြူအမဲ ရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု စတာတွေနဲ့ ဆုအများစုကို ရရှိသွားပါတယ်။

အသံတိတ် ရုပ်ရှင်ဇာတ်ကားတွေခေတ်က အခက်အခဲတွေနဲ့ ရင်ဆိုင် ရုန်းကန်ရတဲ့ ရုပ်ရှင်မင်းသားအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ ပြင်သစ်မင်းသား Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ရရှိသွားပြီး Michel Hazanavicius ကတော့ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိသွားပါတယ်။

ဝါရင့်သရုပ်ဆောင် Meryl Streep ကတော့ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Margaret Thatcher အကြောင်း ဘဝသရုပ်ဖော် ရိုက်ထားတဲ့ The Iron Lady ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ရရှိသွားပါတယ်။ ဒါဟာ Meryl Streep ရဲ့ တတိယမြောက် အော်စကာဆုလည်း ဖြစ်ပါတယ်။

Christopher Plummer ကတော့ အသက်အကြီးဆုံး အော်စကာဆုရရှိသူအဖြစ်နဲ့ မနေ့ညက သမိုင်းမှတ်တိုင်တစ်ခု တင်လိုက်ပါတယ်။ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Christopher Plummer က အသက်အရွယ်ကြီးရင့်တဲ့ လိင်တူ ဆက်ဆံသူ မုဆိုးဖိုဘဝကို Beginners ဇာတ်ကားမှာ ပီပြင်စွာ သရုပ်ဆောင်ခဲ့တဲ့ အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိသွားတာပါ။

The Help ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရသွားတဲ့ Octavia Spencer ဆုယူဖို့ စင်ပေါ်ကို တက်လာတဲ့ အချိန်မှာတော့ အားလုံးက မတ်တပ်ရပ်ပြီး လက်ခုပ် သြဘာပေးခဲ့ကြပါတယ်။ အဲဒီ ဇာတ်ကားကတော့ လူမျိုးရေး ခွဲခြား ဆက်ဆံမှုတွေ ဖြစ်ပေါ်နေတဲ့ ၁၉၆၀ ခုနှစ်တွေကို အခြေခံပြီး အမေရိကန်နိုင်ငံ တောင်ပိုင်းဒေသမှာ အာဖရိကနွယ်ဖွား အမေရိကန် အိမ်ဖော်တွေအကြောင်း ရိုက်ထားတာပါ။

XS
SM
MD
LG