သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံယာဉ်တန်းပစ်ခတ်ခံရမှု ကန်စိုးရိမ်ကြောင်းထုတ်ပြန်


ရှမ်းပြည်နယ် ဆီဆိုင်မြို့နားမှာ အာဆီယံသံတမန်တွေရဲ့ယာဥ်တန်း တိုက်ခိုက်ခံရမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက် (Crd: U.S. Department of State/May 8, 2023)
ရှမ်းပြည်နယ် ဆီဆိုင်မြို့နားမှာ အာဆီယံသံတမန်တွေရဲ့ယာဥ်တန်း တိုက်ခိုက်ခံရမှု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကြေညာချက် (Crd: U.S. Department of State/May 8, 2023)

စစ်တပ်အစောင့်အကြပ်နဲ့သွားတဲ့ အာဆီယံလူသားချင်းစာနာကူညီမှု ညှိနှိုင်းဆောင်ရွက်ရေးဌာန AHA Center ရဲ့ယာဉ်တန်း ပစ်ခတ်ခံရမှုသတင်းအပေါ်မှာ အလွန်တရာစိုးရိမ်မိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ဆိုခွင့်ရှိသူ Matthew Miller က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင်း အာဆီယံသံတမန်တွေပါဝင်တဲ့ ယာဉ်တန်းဟာ မနေ့တုန်းက အမည်မသိလက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကိုခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်သမားတွေက ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် ဘယ်အဖွဲ့အစည်းလည်းဆိုတာ မပြောပါဘူး။ NUG အပါအဝင် ဒေသတွင်းလှုပ်ရှားနေကြတဲ့လက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့လက်ချက်မဟုတ်ဘူးလို့ ပြောနေကြပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှုကို မျက်ကွယ်ပြုတာတွေကြောင့် မြေပြင်မှာ မတည်ငြိမ်မှုပိုဖြစ်လာချိန်မှာပဲ ရှမ်းပြည်မှာ အခုလို အာဆီယံယာဉ်တန်းပစ်ခတ်ခံရတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီဖြစ်စဥ်ဟာ အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးမတိုင်ခင်မှာပဲ ဖြစ်ခဲ့တာပါ။

အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်ဖို့နဲ့ လူသားချင်းစာနာကူညီမှုအကူအညီတွေပေးဖို့အပါအဝင် အာဆီယံဘုံသဘောထားငါးချက်ကို စစ်ကောင်စီအနေနဲ့ အဓိပ္ပါယ်ရှိရှိအကောင်အထည်ဖော်ဖို့နဲ့ စစ်အာဏာရှင်အောက်မှာ ရက်တရက်တောင်မနေလိုတဲ့ မြန်မာလူထုရဲ့ဒီမိုကရေစီရေးစိတ်ဆန္ဒတွေကို လေးစားလိုက်နာဖို့ အမေရိကန်အနေနဲ့ မြန်မာစစ်ကောင်စီကို တောင်းဆိုတယ်လို့ ဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ သံတမန်တွေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ အချက်အပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို စစ်ကောင်စီအနေနဲ့ လိုက်နာဖို့ တာဝန်ရှိတယ်လို့လည်းဖော်ပြပါတယ်။

အာဆီယံယာဉ်တန်းပစ်ခတ်ခံရမှု ကန်စိုးရိမ်ကြောင်းထုတ်ပြန်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG