သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေ့ကို တွေ့ချင်လွန်းလို့ပါ တဲ့


ပုန်းအောင်းလိုက်ခဲ့တဲ့ ကယ်လီဖိုးနီးယားကနေ ဟာဝိုင်အီ အထိ လေကြောင်းခရီးစဉ်။
ပုန်းအောင်းလိုက်ခဲ့တဲ့ ကယ်လီဖိုးနီးယားကနေ ဟာဝိုင်အီ အထိ လေကြောင်းခရီးစဉ်။
ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ပျံသန်းတဲ့ လေယာဉ်တစီးရဲ့ ဘီးထည့်တဲ့အခန်းထဲမှာ ဝင်ပြီးလိုက်သွားတဲ့ ဆိုမာလီ-အမေရိကန် လူငယ်လေးရဲ့ မိခင်ဖြစ်သူက သူ့သားဟာ အာဖရိကတိုက်က သူ့ဆီလာဖို့ ကြိုးစားခဲ့တာလို့ ပြောလိုက်ပါတယ်။
သူ့သား ကြုံတွေ့ခံစားခဲ့ရတာ၊ သူ့အသက်အန္တရာယ်ကို အမှုမထားဘဲ စွန့်လွှတ်တာတွေကို ကြားရတဲ့အခါ သိပ်ကို ထိတ်လန့် တုန်လှုပ်မိတယ်လို့ Ubah Mohamed Abdullah က ပြောပါတယ်။

သူ့ရဲ့သားဖြစ်သူ Yahya Abdi ဟာ သူ့ရဲ့မိခင် သေဆုံးသွားပြီးပြီလို့ ဖခင်က ပြောခဲ့ပြီးတဲ့နောက် သိပ်မကြာသေးခင်ကမှ သူ့ရဲ့မိခင် သက်ရှိထင်ရှားရှိနေသေးတာကို သိခဲ့တာဖြစ်တယ်လို့ ဗွီအိုအေ ဆိုမာလီဘာသာဌာနနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ မိခင်က ပြောခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ် လူငယ်လေးဟာ ဆန်ဟိုဆေးလေဆိပ်ဝင်းထဲကို ခိုးဝင်ပြီး Hawaiian လေကြောင်းလိုင်း လေယာဉ်တစင်း ရဲ့ ဘီးခန်းထဲ တွယ်တက်ပြီး ဝင်နေခဲ့တာလို့ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးတွေကပြောပါတယ်။

ဟာဝိုင်ယီကျွန်းဆီ ငါးနာရီကျော်ကြာ လေယာဉ်ပျံသန်းချိန်အတွင်း အပူချိန် အလွန်အမင်းနိမ့်ကျတဲ့ဒဏ်၊ အောက်ဆီဂျင် နည်းတဲ့ ဒဏ်တွေကို ကျော်လွန်ပြီး သူအသက်ရှင်ခဲ့တယ်လို့ စုံစမ်းရေးမှူးတွေကပြောပါတယ်။ ဟာဝိုင်ယီမှာ သူ့ကို ဖမ်းဆီးပြီး ဆေးရုံ တင်ပေးထားပါတယ်။
XS
SM
MD
LG