သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ The Elders ကို ကော်မရှင် အာမခံ


The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)
The Elders အဖွဲ့ကို မြန်မာသမ္မတဦးသိန်းစိန် လက်ခံတွေ့ဆုံနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မြန်မာသမ္မတရုံးဝပ်ဆိုဒ်)

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာစွာနဲ့ ကျင်းပပေးသွားမှာ ဖြစ်ပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော်မှာ ရောက်ရှိနေတဲ့ The Elders လို့ခေါ်တဲ့ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်ကြီးများအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို မနေ့က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကို ၂၀၁၅ အောက်တိုဘာလကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းလောက်မှာ ကျင်းပဖို့ရှိပြီး ရွေးကောက်ပွဲ ကျင်းပချိန်မှာ ပြည်တွင်းနဲ့ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေကို ဖိတ်ခေါ်မှာ ဖြစ်တယ်လို့ ဦးတင်အေးက ပြောဆိုကြောင်း ကော်မရှင်က ထုတ်ပြန်တဲ့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

အခုအချိန်မှာတော့ ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုတာ မဲဆန္ဒရှင်တွေအတွက် ပညာပေး လုပ်ငန်းတွေကို နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဦးတင်အေးက ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးမှာ ကျင်းပတဲ့ တွေ့ဆုံပွဲကို The Elders အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ် အရင် နော်ေ၀၀န်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ Gro Harlem Brundtland၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဖင်လန်သမ္မတဟောင်း Martti Ahtisaari၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အထူးသံတမန်ဟောင်းလည်းဖြစ် အယ်လ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်တဲ့ Lakhdar Brahimi နဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ သတင်းစဉ်မှာ ဖော်ပြထားပါတယ်။

The Elders ကမ္ဘာ့အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများ အဖွဲ့ရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေတွေကို ဆွေးနွေးဖို့အတွက် တနင်္လာနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေ အပါအဝင် ခေါင်းဆောင်တွေနဲ့ သီးသန့် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာပါ။ ဒီကနေ့ ကြာသပတေးနေ့မှာ သူတို့ရဲ့ခရီးစဉ်ကို အဆုံးသတ်တော့မှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် ညနေပိုင်း ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG