ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အေမရိကန္ေျမေပၚမွာ လုပ္ႀကံဖို႔ ႀကံစည္တယ္ဆိုတဲ့ အမႈကို FBI အေမရိကန္ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ိုအေနနဲ႔ အျပည့္အ၀ေဖၚ ထုတ္ စံုစမ္းအေရးယူႏိုင္မယ္လို႔ ျမန္မာ့အေရးလႈပ္ရွားေနသူေတြ ေမွ်ာ္လင့္ထားပါတယ္။
သံအမတ္ႀကီးကို လုပ္ၾကံဖို႔ဆိုၿပီး နယူးေယာက္မွာေနထိုင္တဲ့ အသက္ (၂၀)ေက်ာ္ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ေငြေပးငွားရမ္းခဲ့တယ္ဆိုတဲ့ FBI ရဲ႕ စံုစမ္းစစ္ေဆး ေဖၚထုတ္ခ်က္အေပၚမွာ NUG ၀န္ႀကီး ဦးထင္လင္းေအာင္နဲ႔ နယူးေရာက္ ျမန္မာအသိုင္းအဝိုင္းက ကိုေနတင္ျမင့္တို႔ရဲ႕တုန္႔ျပန္ခ်က္ေတြကို မအင္ၾကင္းႏိုင္က စုစည္းတင္ျပမွာပါ။
နယူးေရာက္မွာေနထိုင္တဲ့ အသက္ (၂၈)ႏွစ္အ႐ြယ္ ေမာင္ၿဖိဳးဟိန္းထြဋ္နဲ႔ အသက္ (၂၀)အ႐ြယ္ ေမာင္ရဲဟိန္းေဇာ္တို႔ ႏွစ္ဦးဟာ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ခန႔္မွန္းေျခ၂၀၂၁ ဇူလိုင္လ ဒါမွမဟုတ္ ခန႔္မွန္းေျခ ၾသဂုတ္လ ၅ ရက္ အတြင္း လုပ္ႀကံဖို႔ ဒါမွမဟုတ္ နာက်င္ထိခိုက္ေအာင္ လုပ္ဖို႔ ႀကံစည္ခဲ့ၾကတယ္လို႔ စြပ္စြဲခံထားရေၾကာင္း ၾသဂုတ္လ (၆)ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ နယူးေယာက္ ေတာင္ပိုင္းခ႐ိုင္ တရား႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒါအျပင္ စြပ္စဲြခံရသူႏွစ္ဦးကို အခ်ိန္မွီ ခ်က္ခ်င္းဖမ္းဆီးႏိုင္ခဲ့ေၾကာင္း FBI အေမရိကန္ျပည္ေထာင္စု စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ို ယာယီ လက္ေထာက္ၫြန္ၾကားေရးမွဴး Jacqueline Maguire ကေျပာၾကားခဲ့တယ္လို႔လည္း အဲဒီေၾကညာခ်က္မွာေဖၚျပထားပါတယ္။
ကုလသမဂၢမွာ ျမန္မာ့အေရး အေရးႀကီးေနတဲ့အခ်ိန္ စစ္အာရွင္ စနစ္ကို ျပတ္ျပတ္သားသားဆန္႔က်င္တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း လုပ္ၾကံဖို႔ ႀကိဳးစားခဲ့တယ္ဆိုတဲ့ ျဖစ္ရပ္ေတြအတြက္ သံအမတ္ရဲ႕ လံုျခံဳေရးကို အထူးပဲ စိုးရိမ္မကင္းျဖစ္မိတယ္လို႔ အေမရိကန္မွာရွိေနတဲ့ NUG ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္နဲ႔ နည္းပညာ၀န္ႀကီး ဦးထင္လင္းေအာင္က ဗြီအိုေအကိုေျပာပါတယ္။
FBI ရဲ႕ စံုစမ္း စစ္ေဆးခ်က္အရ ထိုင္းႏိုင္ငံမွာရွိတဲ့ လက္နက္ပြဲစား တဦးကေန နယူးေယာက္မွာရွိတဲ့ ေမာင္ၿဖိဳးဟိန္းထြဋ္နဲ႕ ေမာင္ရဲဟိန္းေဇာ္တို႔ကို ေငြေပး ခိုင္းေစခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း နယူးေရာက္က ျမန္မာအသိုင္းအဝိုင္းအေနနဲ႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းရဲ႕ လံုျခံဳေရး အေျခအေနေတြကို အထူးသတိထားေစာင့္ၾကည့္ေပးေနေၾကာင္း နယူးေရာက္ ျမန္မာအသိုင္းအဝိုင္းက ဦးေဆာင္သူတဦးလည္းျဖစ္၊ သံအမတ္ႀကီးရဲ႕ လံုျခံဳေရးကို ေစတနာ၀န္ထမ္းအျဖစ္ လိုက္ပါေဆာင္ရြက္ေပးေနတဲ့ ကိုေနတင္ျမင့္က ဗြီအိုေအကိုေျပာပါတယ္။
အခုလို အေမရိကန္ေျမမွာ ႏိုင္ငံျခားသံတမန္တဦးကို သတ္ဖို႔ ဒါမွမဟုတ္ ထိခိုက္ဒဏ္ရာရေအာင္လုပ္ဖို႔ အလားအလာရွိေနတဲ့ လုပ္ၾကံမႈအစီအစဥ္အတြက္ ငွားရမ္းခံရတယ္ဆိုၿပီး စြပ္စဲြခံရတဲ့ ဒီလူႏွစ္ဦးကို အျမန္ဆံုးေျခရာခံလိုက္ၿပီး ေဖၚထုတ္ ဖမ္းဆီးႏိုင္ခဲ့တဲ့ Westchester Safe Streets Task Force နဲ႔ လုပ္ေဖၚကိုင္ဖက္ ရဲတပ္ဖဲြ႕နဲ႔ ေအဂ်င္စီေတြကို ေက်းဇူးတင္ေၾကာင္းနဲ႕ အေမရိကန္ႏိုင္ငံတြင္း ဥပေဒခ်ဳိးေဖာက္သူ မည္သူမဆို တရားဥပေဒ အရ ထိထိေရာက္ေရာက္ အေရးယူခံရမွာျဖစ္သလို၊ လုပ္ၾကံဖို႔ ၾကံစည္တယ္လို႔ စြပ္စဲြခံထားရတဲ့ သူႏွစ္ဦးဟာလည္း အက်ဳိးဆက္ေတြကို ရင္ဆိုင္ရမွာျဖစ္တယ္လို႔ FBI ယာယီ လက္ေထာက္ၫြန္ၾကားေရးမွဴး Jacqueline Maguire ကေျပာပါတယ္။
အလားတူ NYPD နယူးေရာက္ရဲတပ္ဖဲြ႕ ေကာ္မရွင္နာမင္းႀကီး Dermot Shea ကလည္း တရားခံလို႔ စြပ္စဲြခံထားရသူေတြဟာ အေမရိကန္ေျမေပၚမွာ ႏိုင္ငံတကာေခါင္းေဆာင္တဦးကို အၾကမ္းဖက္ဖို႔ ၾကံစည္တဲ့လုပ္ရပ္ကို သူတို႔အေနနဲ႔ လက္ခံႏိုင္စရာမရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ နယူးေယာက္ ေတာင္ပိုင္းခ႐ိုင္ တရားရံုးရဲ႕ေၾကညာခ်က္မွာပဲ တစံုတရာ ထိခိုက္မႈမရွိခင္မွာ NYPD နယူးေရာက္ ရဲ တပ္ဖဲြ႕၊ ေတာင္ပိုင္းခ႐ိုင္ အေမရိကန္ တရာရံုးနဲ႔အစိုးရေရွ႕ေနေတြ မေနမနား ပူးေပါင္းၿပီး စြပ္စဲြခံထားရသူေတြကို တရားရံုးတင္စစ္ေဆးႏိုင္ေအာင္ ေဆာင္ရြက္ခဲ့ၾကေၾကာင္း ေကာ္မရွင္နာမင္းႀကီးက ေျပာၾကားခဲ့တယ္လို႔ ေဖၚျပထားပါတယ္။
FBI ကေန အမႈကို ဆက္လက္စံုစမ္းစစ္ေဆးေနဆဲျဖစ္ပါတယ္။ လက္ရွိ သူတို႔ ႏွစ္ဦးအေပၚ စြဲထားတဲ့ အမႈေတြဟာ စြပ္စဲြခ်က္ေတြသာျဖစ္ၿပီး ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ေတာ့ ဥပေဒနဲ႔ အညီ အေရးယူ အျပစ္ေပးခံရမွာျဖစ္တယ္လို႔ နယူးေယာက္ တရားရံုးရဲ႕ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
-----------------------------------------
ကုလမြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ကြံစည်မှု FBI အပြည့်အဝစုံစမ်းဖေါ်ထုတ်ဖို့ မျှော်လင့်-မြန်မာ့အရေးလှုပ်ရှားသူများ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်မြေပေါ်မှာ လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ အမှုကို FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရိုအနေနဲ့ အပြည့်အဝဖေါ် ထုတ် စုံစမ်းအရေးယူနိုင်မယ်လို့ မြန်မာ့အရေးလှုပ်ရှားနေသူတွေ မျှော်လင့်ထားပါတယ်။
သံအမတ်ကြီးကို လုပ်ကြံဖို့ဆိုပြီး နယူးယောက်မှာနေထိုင်တဲ့ အသက် (၂၀)ကျော် မြန်မာနိုင်ငံသားနှစ်ဦးကို ငွေပေးငှားရမ်းခဲ့တယ်ဆိုတဲ့ FBI ရဲ့ စုံစမ်းစစ်ဆေး ဖေါ်ထုတ်ချက်အပေါ်မှာ NUG ဝန်ကြီး ဦးထင်လင်းအောင်နဲ့ နယူးရောက် မြန်မာအသိုင်းအဝိုင်းက ကိုနေတင်မြင့်တို့ရဲ့တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။
နယူးရောက်မှာနေထိုင်တဲ့ အသက် (၂၈)နှစ်အရွယ် မောင်ဖြိုးဟိန်းထွဋ်နဲ့ အသက် (၂၀)အရွယ် မောင်ရဲဟိန်းဇော်တို့ နှစ်ဦးဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ခန့်မှန်းခြေ၂၀၂၁ ဇူလိုင်လ ဒါမှမဟုတ် ခန့်မှန်းခြေ သြဂုတ်လ ၅ ရက် အတွင်း လုပ်ကြံဖို့ ဒါမှမဟုတ် နာကျင်ထိခိုက်အောင် လုပ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရကြောင်း သြဂုတ်လ (၆)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါအပြင် စွပ်စွဲခံရသူနှစ်ဦးကို အချိန်မှီ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို ယာယီ လက်ထောက်ညွန်ကြားရေးမှူး Jacqueline Maguire ကပြောကြားခဲ့တယ်လို့လည်း အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာ့အရေး အရေးကြီးနေတဲ့အချိန် စစ်အာရှင် စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေအတွက် သံအမတ်ရဲ့ လုံခြုံရေးကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်မှာရှိနေတဲ့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ဗွီအိုအေကိုပြောပါတယ်။
FBI ရဲ့ စုံစမ်း စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ပွဲစား တဦးကနေ နယူးယောက်မှာရှိတဲ့ မောင်ဖြိုးဟိန်းထွဋ်နဲ့ မောင်ရဲဟိန်းဇော်တို့ကို ငွေပေး ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နယူးရောက်က မြန်မာအသိုင်းအဝိုင်းအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေး အခြေအနေတွေကို အထူးသတိထားစောင့်ကြည့်ပေးနေကြောင်း နယူးရောက် မြန်မာအသိုင်းအဝိုင်းက ဦးဆောင်သူတဦးလည်းဖြစ်၊ သံအမတ်ကြီးရဲ့ လုံခြုံရေးကို စေတနာဝန်ထမ်းအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုနေတင်မြင့်က ဗွီအိုအေကိုပြောပါတယ်။
အခုလို အမေရိကန်မြေမှာ နိုင်ငံခြားသံတမန်တဦးကို သတ်ဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ အလားအလာရှိနေတဲ့ လုပ်ကြံမှုအစီအစဉ်အတွက် ငှားရမ်းခံရတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဒီလူနှစ်ဦးကို အမြန်ဆုံးခြေရာခံလိုက်ပြီး ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ Westchester Safe Streets Task Force နဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲတပ်ဖွဲ့နဲ့ အေဂျင်စီတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်နိုင်ငံတွင်း ဥပဒေချိုးဖောက်သူ မည်သူမဆို တရားဥပဒေ အရ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်သလို၊ လုပ်ကြံဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ သူနှစ်ဦးဟာလည်း အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ FBI ယာယီ လက်ထောက်ညွန်ကြားရေးမှူး Jacqueline Maguire ကပြောပါတယ်။
အလားတူ NYPD နယူးရောက်ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Dermot Shea ကလည်း တရားခံလို့ စွပ်စွဲခံထားရသူတွေဟာ အမေရိကန်မြေပေါ်မှာ နိုင်ငံတကာခေါင်းဆောင်တဦးကို အကြမ်းဖက်ဖို့ ကြံစည်တဲ့လုပ်ရပ်ကို သူတို့အနေနဲ့ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးရဲ့ကြေညာချက်မှာပဲ တစုံတရာ ထိခိုက်မှုမရှိခင်မှာ NYPD နယူးရောက် ရဲ တပ်ဖွဲ့၊ တောင်ပိုင်းခရိုင် အမေရိကန် တရာရုံးနဲ့ အစိုးရရှေ့နေတွေ မနေမနား ပူးပေါင်းပြီး စွပ်စွဲခံထားရသူတွေကို တရားရုံးတင်စစ်ဆေးနိုင်အောင် ဆောင်ရွက်ခဲ့ကြကြောင်း ကော်မရှင်နာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
FBI ကနေ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ လက်ရှိ သူတို့ နှစ်ဦးအပေါ် စွဲထားတဲ့ အမှုတွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ဥပဒေနဲ့ အညီ အရေးယူ အပြစ်ပေးခံရမှာဖြစ်တယ်လို့ နယူးယောက် တရားရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။