သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလိပ်ပရီမီယာလိဂ်ရဲ့ ပထမဆုံးအမျိုးသမီးဒိုင်


ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအမျိုးသမီးဒိုင် Rebecca Welch
ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးအမျိုးသမီးဒိုင် Rebecca Welch

ဗြိတိန်မှာ မကြာခင်အချိန်အတွင်း ကစားတော့မယ့် ဖူလ်ဟမ်နဲ့ ဘန်လေတို့ရဲ့ ပရီမီယာလိဂ်ဘောလုံးပွဲမှာ အမျိုးသမီး ကွင်းလယ်ဒိုင်ကို ပထမဆုံးအကြိမ် တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။ အင်္ဂလိပ်ပရီမီယာလိဂ်ပွဲတွေမှာ ပထမဆုံး အမျိုးသမီးကွင်းလယ်ဒိုင်အဖြစ် Rebecca Welch က ဖူလ်ဟမ် နဲ့ ဘန်လေပွဲကို ကြီးကြပ်သွားမှာဖြစ်တယ်လို့ ဒိုင်အဖွဲ့က ပြီးခဲ့တဲ့သီတင်းပတ်ထဲက ကြေညာထားပါတယ်။

ဒါကြောင့် Rebecca Welch ဟာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ ပရီမီယာလိဂ်ဘောလုံးပွဲ သမိုင်းမှာတော့ ပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ Welch ဟာ ပြီးခဲ့တဲ့လက ကစားတဲ့ ဖူလ်ဟမ် နဲ့ မန်ချက်စတာယူနိုက်တက်ပွဲမှာလည်း ပထမဆုံး အမျိုးသမီး အရန်ဒိုင်လူကြီးအဖြစ် လုပ်ခဲ့ပါသေးတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ Welch ဟာ ပုံမှန်အားဖြင့် အမျိုးသမီး Super League နဲ့ FA ဖလား ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးလုပ်တာဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားမှာ ဒိုင်အဖြစ်နဲ့ ပါဝင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က ကာတာနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာ ကွင်းလယ်နဲ့ စည်းကြပ်ဒိုင်တွေ ကြီးကြပ်ဖို့ အမျိုးသမီးတွေကို ပထမဆုံးအကြိမ် ခန့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG