သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ မူဝါဒတွေကို ပြိုင်ဖက် Romney အပြင်းအထန်ဝေဖန်


ပထမဆုံးအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲ (အောက်တိုဘာလ ၃ရက်၊ ၂၀၁၂)
ပထမဆုံးအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲ (အောက်တိုဘာလ ၃ရက်၊ ၂၀၁၂)
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲမှာ လက်ရှိသမ္မတ ဘာရက်အိုဘားမားရဲ့ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနဲ့ အစိုးရ အခန်းကဏ္ဍတွေအပေါ်မှာ ယှဉ်ပြိုင်ဖက် ရီပတ်ဘလစ်ကင် သမ္မတလောင်း မစ်ရော်မနီ က တိုက်ခိုက်ပြောဆို သွားပါတယ်။

တချိန်တုန်းက မန်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ခဲ့သူ မစ္စတာရော်မနီက မစ္စတာအိုဘားမားရဲ့ အခွန်စီးကြပ်မှု တိုးမြင့်ဖို့နဲ့ အစိုးရအသုံးစားရိတ် လျှော့ချဖို့ ဆိုတဲ့ အချက်တွေဟာ အမေရိကန်စိးပွားရေးကိုကော ပြည်ထောင်စု ဘတ်ဂျက် လိုငွေပြနေမှုတွေကို ပိုပြီးတော့ ဆိုးရွားသွားစေလိမ့်မယ်လို့ ပြောသွားပါတယ်။

ဒါပေမယ့် သမ္မတအိုဘားမားက လည်း မစ္စတာရော်မနီရဲ့ အထူးသဖြင့် ချမ်းသာကြွယ်ဝသူတွေ အပေါ် အခွန်စည်းကျပ်မှုကို လျော့ချမယ်ဆိုတဲ့ အစီအစဉ်ဟာ တိုင်းပြည် အတွင်း အရေးတကြီး လုပ်စရာရှိတဲ့အလုပ်တွေကို ထိခိုက်လိမ့်မယ် ဆိုပြီး ချေပပြောဆိုလိုက်ပါတယ်။

မစ္စတာရော်မနီက ပထမဆုံးပြုလုပ်တဲ့ စကားစစ်ထိုးပွဲ အဖွင့်မှာ ပြောဆိုရာမှာ တရုတ်နိုင်ငံ အနေနဲ့ မသမာမှုပြုလုပ်လာခဲ့ရင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ ်ဆိုပြီးတော့ ပြောလိုက်ပါတယ်။ ရီပတ်ပလင်ကန်သမ္မတလောင်းရဲ့ သုံးနှုံး ပြောဆိုသွားတဲ့ စကားဟာ ပြောရိုးပြောစဉ်ရှိတဲ့ စကားမျိုးတော့ မဟုတ်ပါဘူး။ သူသာ ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် ပထမဆုံး တာဝန်ယူတဲ့နေ့မှာပဲ တရုတ်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကိစ္စကို ကိုင်တွယ်မယ်လို့ ကတိပြုလိုက်ပါတယ်။
သူ့ရဲ့ပြိုင်ဖက် လက်ရှိသမ္မတ ဘာရက်အိုဘားမားကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ တင်းတင်းကျပ်ကျပ် ကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်း တရုတ်နိုင်ငံရဲ့ ပြည်ပကားတင်ပို့မှုကိစ္စ မမျှတမှုရှိတာနဲ့ ပတ်သက်ပြီးတော့ မစ္စတာအိုဘားမားရဲ့ အစိုးရက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို တိုင်ကြားခဲ့ပါသေးတယ်။
XS
SM
MD
LG