သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်အရေး The Hague နိုင်ငံတကာ တရားရုံး စစ်ဆေးမည်


The Hague မြို့ နိုင်ငံတကာ တရားရုံး။
The Hague မြို့ နိုင်ငံတကာ တရားရုံး။

တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားနေတဲ့ ကိစ္စကို ကြားနာစစ်ဆေးဖို့ The Hague မြို့ နိုင်ငံတကာ တရားရုံးက လက်ခံလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး၊ ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်ကြားချက်ကို တရားရုံးက လက်ခံလိုက်တာပါ။

အခုအမှုနဲ့ ပတ်သက်လို့ ဘယ်တရားရုံးက စီရင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ် နေချိန်မှာပဲ၊ နိုင်ငံတကာ တရားရုံးကတော့ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်ကို အဓိပ္ပါယ် ဖွင့်ဆိုချက်အပေါ် သဘောထား ကွဲလွဲမှုနဲ့ သက်ဆိုင်တယ်လို့လည်း ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ပင်လယ်ပြင်ထဲက ကျွန်းတွေကို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုထားတာပါ။ တရုတ်နိုင်ငံအနေနဲ့ အမှုကိုကြားနာ စစ်ဆေးရာမှာ ပါဝင်မှာမဟုတ်သလို၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ တရုတ်အဆင့်မြင့်သံတမန် တဦးကလည်း ဒီကနေ့မှာပဲ ထပ်မံ ပြောဆိုလိုက်ပါတယ်။

အမှုမှာလိုက်ပါဆောင်ရွက်မယ့် ဖိလစ်ပိုင်ရှေ့နေအဖွဲ့ရဲ့ အကြီးအကဲ Florin Hilbay ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားနေတဲ့ နိုင်ငံတွေကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘက်လိုက်မှုမရှိဘဲ ဖြေရှင်းဖို့ ကြိုးစားမှုတွေမှာ ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်သလို၊ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ဖိလစ်ပိုင်ရဲ့ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့တာပါ။

XS
SM
MD
LG