သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ပြန်လည်မယ့် ဘိုလီဗီးယားနာရီ


ဘိုလီဗီးယားနိုင်ငံ၊ ကွန်ဂရက်လွှတ်တော်ထိပ်မှာ နာရီလက်တံပြောင်းပြန်သွားတဲ့ နာရီ
ဘိုလီဗီးယားနိုင်ငံ၊ ကွန်ဂရက်လွှတ်တော်ထိပ်မှာ နာရီလက်တံပြောင်းပြန်သွားတဲ့ နာရီ

ဘိုလီဗီးယားနိုင်ငံမှာ လက်ရှိ လက်ဝဲယိမ်းအစိုးရ အာဏာရ အုပ်ချုပ်နေတာနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လက်ဝဲရစ် နာရီတလုံး ထားလိုက်ပြီဖြစ်ပါတယ်။

ဘိုလီဗီးယားနိုင်ငံ၊ La Paz မြို့တော်က ကွန်ဂရက်လွှတ်တော် အဆောက်အဦးမှာတပ်ထားတဲ့နာရီကို ဒီသီတင်းပတ်မှာ ပြောင်းပြန်လှည့်ခဲ့တာပါ။

ပုံမှန်အားဖြင့် လက်ယာရစ် အနေအထားရှိတဲ့ နာရီလက်တံတွေနဲ့ ဂဏန်းတွေကို လက်ဝဲရစ် လှည့်လိုက်တာဖြစ်ပါတယ်။

လက်ဝဲရစ်နာရီ တပ်ထားတဲ့ ဘိုလီဗီးယားလွှတ်တော်အဆောက်အဦး
လက်ဝဲရစ်နာရီ တပ်ထားတဲ့ ဘိုလီဗီးယားလွှတ်တော်အဆောက်အဦး

အခုလိုလုပ်လိုက်တာဟာ နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တောင်ပိုင်း သွင်ပြင်လက္ခဏာကို ပြန်ပြီးထိန်းသိမ်းဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒါပေမဲ့လည် လူတိုင်း ကျေနပ်ကြတာတော့ မဟုတ်ပါဘူး။ နာရီပြောင်းပြန်လှည့်တဲ့ကိစ္စကို မြို့တော်ရဲ့ ဒေသခံတချို့အပါအဝင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုထားကြပါတယ်။

XS
SM
MD
LG