သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နူရင်ဘတ်ခုံရုံးမှာ တရားလိုရှေ့နေလုပ်ခဲ့သူ Ben Ferencz ကွယ်လွန်


Obit Ben Ferencz
Obit Ben Ferencz

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇတ်ဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို (Nuremberg) နူရင်ဘတ်ခုံရုံးမှာ တရားစစ်ဆေးစီရင်ခဲ့မှုတွေမှာ ပါဝင်ခဲ့တဲ့ တရားလိုရှေ့နေတွေထဲက နောက်ဆုံးကျန်ရစ်တဲ့ Ben Ferencz ဟာ သောကြာနေ့ကပဲ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု Florida ပြည်နယ် Boynton Beach မြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ အသက်၂၇ နှစ်သာရှိသေးတဲ့ Ben Ferencz ဟာ အရှေ့ဥရောပမှာ ဂျူးလူမျိုးတွေအပါအဝင် တခြား လူ ၁ သန်းကျော်ကို သတ်ဖြတ်မှုမှာ တာဝန်ရှိသူ နာဇီစစ်ခေါင်းဆောင် ၂၂ ယောက်ကို ရုံးတင်စစ်ဆေးခဲ့မှုအတွင်း တရားလိုရှေ့နေအဖွဲ့ကို ဦးဆောင်သူအဖြစ် တာဝန်ယူခဲ့ရပါတယ်။ နူရင်ဘတ်ခုံရုံးမှာ တရားစွဲဆိုသူ အဲဒီနာဇီစစ်ခေါင်းဆောင် ၂၂ ယောက်စလုံး ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

Romania နိုင်ငံအလယ်ပိုင်းက Trasylvania မြို့မှာ ၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Ben Ferencz ဟာ အသက်ငယ်ငယ်အရွယ်မှာပဲ မိဘတွေနဲ့အတူ နယူးယောက်မြို့ကို ရွှေ့ပြောင်းနေထိုင်ခဲ့ပြီးနောက် Harvard တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရခဲ့တာပါ။ အဲဒီနောက်မှာတော့ သူဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်စစ်တပ်ထဲကို ဝင်ခဲ့ပြီး ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေတက် တိုက်ပွဲမှာ ပါဝင်ခဲ့ပါတယ်။

စစ်ပွဲပြီးတဲ့နောက် New York မြို့ကို ပြန်လာပြီး ရှေ့နေအလုပ် လုပ်နေစဉ် နူရင်ဘတ်ခုံရုံးမှာ နာဇီတွေကို စစ်ဆေးတဲ့အမှုတွေမှာ တရားလိုရှေ့နေအဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခံရတာ ဖြစ်ပါတယ်။ သူဟာ အမေရိကန်စစ်သားတွေအပေါ် နာဇီတွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေမှာ စုံစမ်းစစ်ဆေးသူအဖြစ်လည်း တာဝန်ယူခဲ့ရပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိအောင် ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ကို ဆုံးရှုံးလိုက်ရပြီလို့ ဝါရှင်တန်မြို့တော်မှာရှိတဲ့ Holocaust ပြတိုက်က ဖော်ပြပြောဆိုခဲ့ပါတယ်။

===== Unicode =====





XS
SM
MD
LG