သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘီဘီစီ မြန်မာပိုင်းဌာနမှူး ဗြိတိန်OBE ဆုရရှိ


ဒေါ်တင်ထားဆွေ-ဘီဘီစီ မြန်မာပိုင်းသတင်းထောက်/အယ်ဒီတာ (ဓာတ်ပုံ-ဒေါ်တင်ထားဆွေ)
ဒေါ်တင်ထားဆွေ-ဘီဘီစီ မြန်မာပိုင်းသတင်းထောက်/အယ်ဒီတာ (ဓာတ်ပုံ-ဒေါ်တင်ထားဆွေ)

BBC မြန်မာပိုင်းဌာနအကြီးအကဲ ဒေါ်တင်ထားဆွေဟာ ဗြိတိန်နိုင်ငံက ချီးမြှင့်တဲ့ “The Most Excellent Order of the British Empire, OBE” ဘွဲ့ကို လက်ခံရရှိပါတယ်။ ဘီဘီစီ မြန်မာပိုင်းသတင်းထောက် အယ်ဒီတာအနေနဲ့ သတင်းလုပ်ငန်းမှာဆောင်ရွက်ခဲ့တာတွေကို ဗြိတိန်နိုင်ငံက အသိအမှတ်ပြုပြီး ဒီဘွဲ့ကို ပေးအပ်လိုက်တာဖြစ်ပါတယ်။

ဘက်ကင်ဟမ်နန်းတော်မှာ ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အဲလစ္စဘတ်ရဲ့သမီးတော် တော်ဝင်မင်းသမီး Anne ကိုယ်တိုင် ဘွဲ့တံဆိပ်ကို ဒေါ်တင်ထားဆွေရဲ့အင်္ကျီ ဘယ်ဘက်ရင်ဖုံးမှာချိတ်ပေးပြီး ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ကိုယ်အင်မတန် တန်ဖိုးထား၊ မြတ်နိုးတဲ့အလုပ်ကို အသိအမှတ်ပြု ခံခဲ့ရတာအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ ဒေါ်တင်ထားဆွေက ပြောပါတယ်။

“ပထမတော့မယုံဘူးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ဘွဲ့တံဆိပ်က တနှစ်ကို ဗြိတိန်မှာဆိုလို့ရှိရင် လူဦးရေက သန်း ၈၀ ရှိတယ်ထင်တယ်။ အဲဒီထဲမှာ တနှစ်ကို သူတို့ဘွဲ့တံဆိပ်ချီးမြှင့်တဲ့သူက အနည်းအကျဉ်းပဲပေါ့နော်၊ ဘုရင်မကြီးက သူ့မွေးနေ့မှာတကြိမ်၊ နောက်ပြီးတော့ နှစ်သစ်ကူးမှာတကြိမ်၊ နှစ်ကြိမ် ဘွဲ့တံဆိပ်ရတဲ့သူတွေရဲ့ အမည်စာရင်းတွေကိုကြေညာတယ်လေ၊ အဲဒီထဲမှာ ကိုယ်ကလည်း ရမယ်မမျှော်လင့်တော့ ဒီလို ဘွဲ့တံဆိပ် အပ်နှင်းတယ်ဆိုတော့ အံ့သြသွားတာတော့ အမှန်ပဲ။ နောက်တခုက သတင်းလုပ်ငန်းနဲ့ပတ်သက်ပြီး အသိအမှတ်ပြုတယ်ဆိုတော့ ဝမ်းသာတာတော့အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသတင်းလုပ်ငန်းကို အန်တီက အင်မတန်နှစ်ခြိုက်တာကိုး။”

ဒေါ်တင်ထားဆွေဟာ ၁၉၈၈ ခုနှစ်ကတည်းက ဘီဘီစီမှာ တာဝန်ထမ်းဆောင်ခဲ့ တာဖြစ်ပါတယ်။

XS
SM
MD
LG