သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး ကန်ပေးမည့် ဒေါ်လာ ၁၂၁ သန်း တရုတ်ထိန်းချုပ်ရေးမူဝါဒအဖြစ် စစ်ကောင်စီဝေဖန်


နေပြည်တော်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၄)
နေပြည်တော်မှာကျင်းပတဲ့ ၇၉ ကြိမ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကိုတက်ရောက်လာတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (မတ် ၂၇၊ ၂၀၂၄)

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု နည်းပါးအောင် အမေရိကန်က နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။ အမေရိကန်ကာကွယ်ရေး အသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးမယ့် အစီအစဉ်ဟာ ဒီမိုကရေစီရေးလို့ အကြောင်းပြတာဖြစ်တယ်လို့ VOA ရဲ့ အမေးကို စစ်ကောင်စီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

သူတို့အဆို မူလရည်ရွယ်ချက်က တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ထိန်းနိုင်ဖို့ဆိုတဲ့ တရုတ်နိုင်ငံဝိုင်းပတ်ထိန်းချုပ်ရေးမူဝါဒ (China Containment Policy) အရ မြန်မာနိုင်ငံကို အသုံးချတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီရေးလို့အကြောင်းပြပေမဲ့ အမေရိကန်အစိုးရထောက်ပံ့မယ့် NUG၊ PDF တွေဟာ ဒီမိုကရေစီရေးလုပ်နေသလား၊ အကြမ်းဖက် အာဏာပြန်ရရေးလုပ်နေသလား ပြန်စိစစ် သုံးသပ်ဖို့လိုတယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နေ့ကနေ မတ်လ ၂၆ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံး၊ ပျက်စီးစာရင်းတွေကိုလည်း ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ အမေရိကန်အစိုးရရဲ့ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်မှာ မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၂၁ သန်းပေးဖို့ လျာထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အတည်ပြုထားတဲ့ Burma Act ဥပဒေအရ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ စစ်ပွဲပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေ အစိုးရကပေးဖို့ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေးအသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေကို ထည့်သွင်းခဲ့တဲ့ထဲမှာ မြန်မာစစ်တပ်ကို ထောက်ပံ့နေတယ်လို့ဆိုတဲ့ တရုတ်နဲ့ ရုရှားတို့အပေါ် တာဝန်ခံမှုရှိလာရေးဆိုတဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

Forum

XS
SM
MD
LG