သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်မြို့တော် ကို ပြည်နယ် ဖြစ်အောင် ကြိုးပမ်းမည်


မြို့တော် ဝါရှင်တန်ဒီစီ။
မြို့တော် ဝါရှင်တန်ဒီစီ။

အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော် ဝါရှင်တန်ဒီစီကို ၅၁ခုမြောက်ပြည်နယ် အဖြစ်သတ်မှတ်ဖို့အတွက် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ စတင်လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြောင်း ဒီစီမြို့တော်ဝန် Muriel Bowser က သောကြာနေ့ က ကြေညာခဲ့ပါတယ်။

ကျွန်စနစ် ဆုံးခန်းတိုင်တဲ့ အထိမ်းအမှတ်အဖြစ် သောကြာနေ့မနက်က မိန့်ခွန်းပြောကြားရမှာ မဲဆန္ဒရှင်တွေရဲ့ သဘောထားနဲ့ စတင်ဆောင်ရွက်မယ့် ဒီလုပ်ငန်းစဉ်ဟာ ဒီမိုကရေစီထွန်းကားရေးအတွက် ရဲရင့်တဲ့ခြေလှမ်း တရပ်ဖြစ်တယ်လို့ မြို့တော်ဝန် Bowser ကပြောကြားသွားပါတယ်။

ဝါရှင်တန်မြို့တော်အတွက် အောက်လွှတ်တော်အမတ်တနေရာသာမက အထက်လွှတ်တော်အတွက် အမတ်နှစ်နေရာ ကိုပါ တောင်းဆိုတယ် ဆိုတာပြသရမယ်လို့ဆိုပါတယ်။ အခုလက်ရှိမှာ ဝါရှင်တန်မြို့တော် ကို ကိုယ်စားပြုပြီး မဲပေးခွင့် မရှိတဲ့ အောက်လွှတ်တော်အမတ်တဦးတည်းသာရှိနေပြီး အထက်လွှတ်တော်မှာ တဦးမှာမရှိပါဘူး။

ဒီအခြေအနေကြောင့် သမ္မတအိုဘားမားရဲ့ မော်တော်ယာဉ်အပါအဝင် မြို့တော်တခွင် မော်တော်ယဉ်တွေမှာ ကပ်ထားတဲ့ ကိုယ်စားလှယ်မရှိပဲ အခွန်ပေးနေရတယ် ဆိုတဲ့ ကြွေးကြော်သံဟာ ပိုမိုအရေးပါတဲ့ အခြေအနေရောက်ရှိလာပါတယ်။

XS
SM
MD
LG