Walking a Fine Line ဆိုတဲ့ သတိထားလျှောက်လှမ်းရတဲ့ ဘ၀လို့ အဓိပ္ပါယ်ရတဲ့ ကိုယ်ရေးမှတ်တမ်းရုပ်ရှင်ကို မကြာသေးမီက အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်မှာ ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အခမဲ့နာရေးကူညီမှုအသင်း ဥက္ကဌ ကိုကျော်သူရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဖြစ်ပါတယ်။ တချိန်က အကယ်ဒမီနှစ်ထပ်ကွမ်းရ ရုပ်ရှင်သရုပ်ဆောင်ကနေ လက်ရှိ ပရဟိတလုပ်ငန်းအတွက် အများလေးစားတဲ့ ပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ ကိုကျော်သူရဲ့ ဘ၀အပြောင်းအလဲမှာ ဇနီးဖြစ်သူ ရွှေဇီးကွက် လို့ လူသိများတဲ့ မမြင့်မြင့်ခင်ဖေ က ဘယ်လိုပါဝင်ခဲ့သလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။