ရခိုင်ပြည်နယ်တွင်းကနေ လူသိန်းနဲ့ချီ ထွက်ပြေးရမှုကို ဖြေရှင်းတဲ့ နေရာမှာ အာဆီယံ အပါအ၀င် နိုင်ငံတကာဘက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ကြဖို့ သြစတေးလျ - အာဆီယံ အထူး ထိပ်သီး စည်းဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားတွေကြားကနေ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှု အကူအညီ အထောက်အပံ့တွေက ဘယ်လောက်များ အရေးတကြီး လိုအပ်နေပါသလဲ ဆိုတာကို ရခိုင်အမျိုးသား ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော နဲ့ ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအေးလွင်တို့ဦးဆောင်ပြီး ဗွီအိုအေ သောတရှင်တွေ ပါဝင် ဆွေးနွေးထားပါတယ်။ မသိင်္ဂီထိုက် စီစဉ် တင်ဆက်ထားပါတယ်။