သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ငလျင်ကြောင့် ဂါဇာအရေး လုံခြုံရေးကောင်စီစည်းဝေးပွဲ ခေတ္တရပ်ဆိုင်းခဲ့ရ


ငလျင်လှုပ်ခတ်ပြီးနောက်တွေ့ရတဲ့ နယူးယောက်မြို့ မန်ဟက်တန် 56th Street ပေါ်က လမ်းသွားလမ်းလာများ (ဧပြီ ၅၊ ၂၀၂၄)
ငလျင်လှုပ်ခတ်ပြီးနောက်တွေ့ရတဲ့ နယူးယောက်မြို့ မန်ဟက်တန် 56th Street ပေါ်က လမ်းသွားလမ်းလာများ (ဧပြီ ၅၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်ကို ဗဟိုပြုပြီး ၄.၈ ပြင်းအားနဲ့ ငလျင်လှုပ်ခဲ့တယ်လို့ အမေရိကန်ဘူဗိဗေဒတိုင်းတာရေးဌာနက ပြောပါတယ်။ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကို နယူးဂျာစီနဲ့ ကပ်နေတဲ့ နယူးယောက်မြို့တချို့နေရာတွေအထိ ခံစားခဲ့ရပါတယ်။

နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ ဂါဇာအရေးဆွေးနွေးနေတဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ငလျင်လှုပ်လို့ ယာယီရပ်ခဲ့ရပါတယ်။ နယူးယောက်ရဲ့ အထင်ကရ Empire State အဆောက်အဦးကြီးကတော့ ဘာမှ ထိခိုက်မှုမရှိဘူးဆိုတဲ့သဘော "I AM FINE" လို့ X လူမှုကွန်ရက်မှာ ရေးတင်ခဲ့ပါတယ်။ Brooklyn အရပ်က အဆောက်အဦးတချို့တော့ ငလျင်လှုပ်ခတ်သွားတာကို သိသိသာသာ ခံစားခဲ့ရတယ်လို့ အဲဒီမှာ ရှိနေသူတွေက ပြောပါတယ်။ New Jersey ပြည်နယ် နဲ့ကပ်နေတဲ့ Pennsylvania ပြည်နယ် Philadelphia မြို့အထိ ငလျင်လှုပ်တာ ခံစားရတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားနေကြပါတယ်။

Forum

XS
SM
MD
LG