သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေႏြဦးေတာ္လွန္ေရး စစ္တမ္း


NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ


ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

ေႏြဦးေတာ္လွန္ေရးဆိုတာ လူပုဂၢိဳလ္တဦး၊ တသင္းတဖြဲ႕၊ တပါတီ အာဏာရရွိေရးအတြက္ ဆင္ႏႊဲေနတဲ့ ေတာ္လွန္ေရး မဟုတ္ပါဘူး။ လူမ်ိဳးတမ်ိဳး၊ ေဒသတခု လြတ္ေျမာက္ဖို႔ ဆင္ႏႊဲေနတာလည္း မဟုတ္ပါဘူး။ စစ္အာဏာရွင္စနစ္ နိဂုံးခ်ဳပ္ေရး၊ ခြဲျခားဆက္ဆံမႈ ကင္းစင္ေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ ဆင္ႏႊဲေနတဲ့ ေတာ္လွန္ေရးျဖစ္တယ္လို႔ အေထြေထြသပိတ္ ပူးေပါင္းေဆာင္႐ြက္ေရးေကာ္မတီ GSCC - General Strike Collaboration Committee က ဆိုပါတယ္။ လြန္ခဲ့တဲ့လ (၉) ရက္ေန႔က ထုတ္ျပန္တဲ့ (၃၄) မ်က္ႏွာ ေႏြဦးေတာ္လွန္ေရးစစ္တမ္းမွာ အဓိပၸါယ္ဖြင့္ဆိုထားတာ ျဖစ္ပါတယ္။

GSCC သပိတ္ေကာ္မတီကို ၈၈ လႈပ္ရွားမႈ၊ ၉၆-၉၈ လႈပ္ရွားမႈ၊ ၂၀၀၇ လႈပ္ရွားမႈ၊ ၂၀၁၅ လႈပ္ရွားမႈနဲ႔ ၂၀၂၁ လႈပ္ရွားမႈမွာပါဝင္တဲ့ မ်ိဳးဆက္ေတြက ဖြဲ႕စည္းထားတာျဖစ္လို႔ အသက္ (၂၀) ေက်ာ္ကေန (၅၀) ေက်ာ္အထိ ပါဝင္တဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္။ လူထုေႏြဦးေတာ္လွန္ေရးမွာ လႈပ္ရွားမႈ (၈) မ်ိဳး ရွိပါတယ္။ (၁) CDM အာဏာဖိဆန္ေရး လႈပ္ရွားမႈ၊ (၂) လူမႈေရး ျပစ္ဒဏ္ခတ္မႈ (၃) မဆက္ဆံတဲ့ Boycott လႈပ္ရွားမႈ (၄) ေတာ္လွန္ေရးကူညီေထာက္ပံ့မႈ (၅) ေျမျပင္သပိတ္လႈပ္ရွားမႈ (၆) ေက်းလက္စစ္ေရးလႈပ္ရွားမႈ (၇) ၿမိဳ႕ျပေျပာက္က်ားလႈပ္ရွားမႈနဲ႔ (၈) ႏိုင္ငံတကာက လႈပ္ရွားမႈေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။

တႏွစ္ေက်ာ္ကာလမွာ စစ္ေကာင္စီရဲ႕ စီးပြားေရး၊ ႏိုင္ငံေရး၊ စစ္ေရးနဲ႔ သံတမန္ေရးရာမွာ ဆုတ္ယုတ္က်ဆင္းၿပီး အႏုတ္လကၡဏာ ျပေနတယ္လို႔ ဆိုပါတယ္။ စစ္အာဏာသိမ္းၿပီး လႊတ္ေတာ္က်င္းပခြင့္ မျပဳတဲ့အတြက္ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ NUG ပုံစံဟာ မလုံေလာက္ေတာ့ပါဘူး။ NUG ဟာ ပုံမွန္အစိုးရလို လႈပ္ရွားေနလို႔ ေတာ္လွန္ေရးအင္အားစု ျဖစ္မလာဘဲ၊ ေတာ္လွန္ေရးအင္အားေတြကို ျဖဳန္းတီးေနတယ္လို႔ ဆိုပါတယ္။ ေတာ္လွန္ေရးမွာ ၾကားေနတာမ်ိဳးမရွိ၊ ေႁမြမေသတုတ္မက်ိဳးမရွိ၊ တရားတဲ့ဘက္နဲ႔ မတရားတဲ့ဘက္သာ ရွိတယ္လို႔ ဆိုပါတယ္။ ဓမၼနဲ႔ အဓမၼသာရွိတဲ့ အေျခအေန ျဖစ္ပါတယ္။ ႏိုင္ငံေရးပါတီေတြထဲမွာ NLD နဲ႔ လူ႔ေဘာင္သစ္သာ ျပတ္ျပတ္သားသား လုပ္ပါတယ္။

က်န္ႏိုင္ငံေရးပါတီေတြအေနနဲ႔ ေ႐ြးစရာ (၃) ခုသာ ရွိပါတယ္။ စစ္ေကာင္စီ ဖန္တီးတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းကို လိုက္မလား။ ေႏြဦးေတာ္လွန္ေရးမွာ ပါဝင္မလား။ ပါတီကိုဖ်က္သိမ္းမလားဆိုတဲ့ လမ္းသုံးခုသာ ရွိတယ္လို႔ ဆိုပါတယ္။ ေႏြဦးေတာ္လွန္ေရးဟာ စုစည္းညီၫႊတ္တဲ့ အဝန္းအဝိုင္းတခု မဟုတ္ေပမယ့္၊ အမ်ားစုသာ ေႏြဦးေတာ္လွန္ေရးအင္အားစုေတြနဲ႔ ဆက္သြယ္ၿပီး ပူးတြဲေဆာင္႐ြက္ၾကတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ေႏြဦးေတာ္လွန္ေရးနဲ႔ အကင္းကြာဆုံးျဖစ္ေနတဲ့ လက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕ ရွိေနေသးတာကိုလည္း ေဖာ္ျပထားပါတယ္။ ေႏြဦးေတာ္လွန္ေရးအင္အားစုကို ဦးေဆာင္ဖို႔ NUCC အမ်ိဳးသားညီၫႊတ္ေရး အတိုင္ပင္ခံေကာင္စီကို ဝိုင္းဝန္းႀကိဳးပမ္းဖြဲ႕စည္းႏိုင္ခဲ့တာဟာ ရလဒ္ေကာင္းတခု ျဖစ္တယ္လို႔ ဆိုပါတယ္။ CRPH ေကာ္မတီနဲ႔ NUG အစိုးရတို႔ဟာ ယခင္စနစ္ေဟာင္းက ဆက္ပါလာတာပါ။

ေတာ္လွန္ေရးကို ဦးေဆာင္မႈေပးေနတဲ့ NUCC အမ်ိဳးသားညီၫႊတ္ေရး အတိုင္ပင္ခံေကာင္စီရဲ႕ အားသာခ်က္နဲ႔ အားနည္းခ်က္ေတြလည္း ဆန္းစစ္ထားပါတယ္။ NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီမွာ ပါဝင္သူေတြကေတာ့ လႊတ္ေတာ္အမတ္၊ ႏိုင္ငံေရးပါတီ၊ သမဂၢမ်ား၊ အရပ္ဘက္အဖြဲ႕အစည္း၊ CDM လႈပ္ရွားမႈဆိုင္ရာ အဖြဲ႕အစည္း၊ လူထုသပိတ္အဖြဲ႕အစည္း၊ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္း၊ ေႏြဦးေတာ္လွန္ေရးေခါင္းေဆာင္မႈဆိုင္ရာ အဖြဲ႕အစည္း စတာေတြ ျဖစ္ပါတယ္။ ေတာ္လွန္ေရးအင္အားစုအားလုံး ပါဝင္ႏိုင္ေအာင္ ဖြဲ႕စည္းထားတာမို႔ လူထုက လုပ္ပိုင္ခြင့္ေပးထားတာ ထင္ရွားပါတယ္။ NUCC အတိုင္ပင္ခံေကာင္စီဟာ ၿပိဳင္ဘက္မရွိ တဖြဲ႕တည္း ရပ္တည္ႏိုင္တာဟာ အားသာခ်က္ ျဖစ္တယ္လို႔ ဆိုပါတယ္။ အားနည္းခ်က္ကေတာ့ ဦးေဆာင္မႈအခန္းမွာ ရွိေနၿပီး၊ ေခါင္းမေဆာင္ႏိုင္တာ ျဖစ္ပါတယ္။

ေႏြဦးရဲ႕ထူးျခားခ်က္ဟာ ေတာ္လွန္ေရးက ေရွ႕ကသြားၿပီး ဖြဲ႕စည္းမႈက ေနာက္ကလိုက္ေနရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ NUCC အတိုင္ပင္ခံေကာင္စီရဲ႕ လိုအပ္ခ်က္ (၁၀) ခ်က္ကိုလည္း ေထာက္ျပထားပါတယ္။ ေတာ္လွန္ေရးအင္အားစုနဲ႔ ႏိုင္ငံေရးပါတီေတြပါဝင္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။ ေတာ္လွန္ေရးအင္အားကို မစုစည္းႏိုင္တာဟာ ေတာ္လွန္ေရးကို ၾကာရွည္ေစၿပီး၊ အျခားအဖြဲ႕ကို မွီခိုလာရပါတယ္။ NUG အမ်ိဳးသားညီၫႊတ္ေရးဟာ ေတာ္လွန္ေရး တာဝန္အမ်ားဆုံး ထမ္းေဆာင္ေနတဲ့အဖြဲ႕ ျဖစ္ပါတယ္။ ဒါေပမဲ့ ေတာ္လွန္ေရးမွာ အဓိကမက်တဲ့ လုပ္ငန္းေတြကို ေဆာင္႐ြက္ေနတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။

ေတာ္လွန္ေရးမွာ အဓိကမက်တဲ့ လႈပ္ရွားမႈေတြဟာ လူအင္အား၊ ဓနအင္အားနဲ႔ လုပ္ႏိုင္စြမ္းအားကို ျဖဳုန္းတီးရာေရာက္တဲ့အတြက္ ေအာင္ပြဲကို ၾကန႔္ၾကာေစပါတယ္။ ဒါေၾကာင့္မို႔ NUCC အတိုင္ပင္ခံေကာင္စီဟာ NUG အစိုးရကို ဦးေဆာင္မႈ အျပည့္အဝေပးႏိုင္ဖို႔ လိုအပ္ၿပီး၊ NUG အစိုးရကလည္း NUCC ကို ဦးေဆာင္အဖြဲ႕အျဖစ္ သိျမင္ဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။ ျပည္သူ႔အက်ိဳးစီးပြားကို ဖ်က္ဆီးေနတဲ့ စစ္အုပ္စုဟာ ျပည္သူလူထုရဲ႕ ထာဝရရန္သူ ျဖစ္သြားပါၿပီ။ ေတာ္လွန္ေရး အရွိန္အဟုန္ ျမင့္တက္ေနတာမို႔ ခုခံစစ္ကေန မဟာဗ်ဴဟာ ျပန္လွန္ထိုးစစ္ဆင္ဖို႔ တာစူေနခ်ိန္ကို ေရာက္ေနၿပီလို႔ ေႏြဦးေတာ္လွန္ေရးစစ္တမ္းမွာ သုံးသပ္ထားပါတယ္။

=== Unicode ====

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

နွေဦးတော်လှန်ရေးဆိုတာ လူပုဂ္ဂိုလ်တဦး၊ တသင်းတဖွဲ့၊ တပါတီ အာဏာရရှိရေးအတွက် ဆင်နွှဲနေတဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ လူမျိုးတမျိုး၊ ဒေသတခု လွတ်မြောက်ဖို့ ဆင်နွှဲနေတာလည်း မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေး၊ ခွဲခြားဆက်ဆံမှု ကင်းစင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆင်နွှဲနေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ GSCC - General Strike Collaboration Committee က ဆိုပါတယ်။ လွန်ခဲ့တဲ့လ (၉) ရက်နေ့က ထုတ်ပြန်တဲ့ (၃၄) မျက်နှာ နွေဦးတော်လှန်ရေးစစ်တမ်းမှာ အဓိပ္ပါယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။

GSCC သပိတ်ကော်မတီကို ၈၈ လှုပ်ရှားမှု၊ ၉၆-၉၈ လှုပ်ရှားမှု၊ ၂၀၀၇ လှုပ်ရှားမှု၊ ၂၀၁၅ လှုပ်ရှားမှုနဲ့ ၂၀၂၁ လှုပ်ရှားမှုမှာပါဝင်တဲ့ မျိုးဆက်တွေက ဖွဲ့စည်းထားတာဖြစ်လို့ အသက် (၂၀) ကျော်ကနေ (၅၀) ကျော်အထိ ပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လူထုနွေဦးတော်လှန်ရေးမှာ လှုပ်ရှားမှု (၈) မျိုး ရှိပါတယ်။ (၁) CDM အာဏာဖိဆန်ရေး လှုပ်ရှားမှု၊ (၂) လူမှုရေး ပြစ်ဒဏ်ခတ်မှု (၃) မဆက်ဆံတဲ့ Boycott လှုပ်ရှားမှု (၄) တော်လှန်ရေးကူညီထောက်ပံ့မှု (၅) မြေပြင်သပိတ်လှုပ်ရှားမှု (၆) ကျေးလက်စစ်ရေးလှုပ်ရှားမှု (၇) မြို့ပြပြောက်ကျားလှုပ်ရှားမှုနဲ့ (၈) နိုင်ငံတကာက လှုပ်ရှားမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တနှစ်ကျော်ကာလမှာ စစ်ကောင်စီရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေးရာမှာ ဆုတ်ယုတ်ကျဆင်းပြီး အနုတ်လက္ခဏာ ပြနေတယ်လို့ ဆိုပါတယ်။ စစ်အာဏာသိမ်းပြီး လွှတ်တော်ကျင်းပခွင့် မပြုတဲ့အတွက် လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ NUG ပုံစံဟာ မလုံလောက်တော့ပါဘူး။ NUG ဟာ ပုံမှန်အစိုးရလို လှုပ်ရှားနေလို့ တော်လှန်ရေးအင်အားစု ဖြစ်မလာဘဲ၊ တော်လှန်ရေးအင်အားတွေကို ဖြုန်းတီးနေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးမှာ ကြားနေတာမျိုးမရှိ၊ မြွေမသေတုတ်မကျိုးမရှိ၊ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက်သာ ရှိတယ်လို့ ဆိုပါတယ်။ ဓမ္မနဲ့ အဓမ္မသာရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေထဲမှာ NLD နဲ့ လူ့ဘောင်သစ်သာ ပြတ်ပြတ်သားသား လုပ်ပါတယ်။

ကျန်နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးစရာ (၃) ခုသာ ရှိပါတယ်။ စစ်ကောင်စီ ဖန်တီးတဲ့ နိုင်ငံရေးလမ်းကြောင်းကို လိုက်မလား။ နွေဦးတော်လှန်ရေးမှာ ပါဝင်မလား။ ပါတီကိုဖျက်သိမ်းမလားဆိုတဲ့ လမ်းသုံးခုသာ ရှိတယ်လို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေးဟာ စုစည်းညီညွှတ်တဲ့ အဝန်းအဝိုင်းတခု မဟုတ်ပေမယ့်၊ အများစုသာ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ဆက်သွယ်ပြီး ပူးတွဲဆောင်ရွက်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နွေဦးတော်လှန်ရေးနဲ့ အကင်းကွာဆုံးဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအချို့ ရှိနေသေးတာကိုလည်း ဖော်ပြထားပါတယ်။ နွေဦးတော်လှန်ရေးအင်အားစုကို ဦးဆောင်ဖို့ NUCC အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီကို ဝိုင်းဝန်းကြိုးပမ်းဖွဲ့စည်းနိုင်ခဲ့တာဟာ ရလဒ်ကောင်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။ CRPH ကော်မတီနဲ့ NUG အစိုးရတို့ဟာ ယခင်စနစ်ဟောင်းက ဆက်ပါလာတာပါ။

တော်လှန်ရေးကို ဦးဆောင်မှုပေးနေတဲ့ NUCC အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ အားသာချက်နဲ့ အားနည်းချက်တွေလည်း ဆန်းစစ်ထားပါတယ်။ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ ပါဝင်သူတွေကတော့ လွှတ်တော်အမတ်၊ နိုင်ငံရေးပါတီ၊ သမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်း၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်း၊ လူထုသပိတ်အဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း၊ နွေဦးတော်လှန်ရေးခေါင်းဆောင်မှုဆိုင်ရာ အဖွဲ့အစည်း စတာတွေ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုအားလုံး ပါဝင်နိုင်အောင် ဖွဲ့စည်းထားတာမို့ လူထုက လုပ်ပိုင်ခွင့်ပေးထားတာ ထင်ရှားပါတယ်။ NUCC အတိုင်ပင်ခံကောင်စီဟာ ပြိုင်ဘက်မရှိ တဖွဲ့တည်း ရပ်တည်နိုင်တာဟာ အားသာချက် ဖြစ်တယ်လို့ ဆိုပါတယ်။ အားနည်းချက်ကတော့ ဦးဆောင်မှုအခန်းမှာ ရှိနေပြီး၊ ခေါင်းမဆောင်နိုင်တာ ဖြစ်ပါတယ်။

နွေဦးရဲ့ထူးခြားချက်ဟာ တော်လှန်ရေးက ရှေ့ကသွားပြီး ဖွဲ့စည်းမှုက နောက်ကလိုက်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ NUCC အတိုင်ပင်ခံကောင်စီရဲ့ လိုအပ်ချက် (၁၀) ချက်ကိုလည်း ထောက်ပြထားပါတယ်။ တော်လှန်ရေးအင်အားစုနဲ့ နိုင်ငံရေးပါတီတွေပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအင်အားကို မစုစည်းနိုင်တာဟာ တော်လှန်ရေးကို ကြာရှည်စေပြီး၊ အခြားအဖွဲ့ကို မှီခိုလာရပါတယ်။ NUG အမျိုးသားညီညွှတ်ရေးဟာ တော်လှန်ရေး တာဝန်အများဆုံး ထမ်းဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးမှာ အဓိကမကျတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးမှာ အဓိကမကျတဲ့ လှုပ်ရှားမှုတွေဟာ လူအင်အား၊ ဓနအင်အားနဲ့ လုပ်နိုင်စွမ်းအားကို ဖြုုန်းတီးရာရောက်တဲ့အတွက် အောင်ပွဲကို ကြန့်ကြာစေပါတယ်။ ဒါကြောင့်မို့ NUCC အတိုင်ပင်ခံကောင်စီဟာ NUG အစိုးရကို ဦးဆောင်မှု အပြည့်အဝပေးနိုင်ဖို့ လိုအပ်ပြီး၊ NUG အစိုးရကလည်း NUCC ကို ဦးဆောင်အဖွဲ့အဖြစ် သိမြင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြည်သူ့အကျိုးစီးပွားကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုဟာ ပြည်သူလူထုရဲ့ ထာဝရရန်သူ ဖြစ်သွားပါပြီ။ တော်လှန်ရေး အရှိန်အဟုန် မြင့်တက်နေတာမို့ ခုခံစစ်ကနေ မဟာဗျူဟာ ပြန်လှန်ထိုးစစ်ဆင်ဖို့ တာစူနေချိန်ကို ရောက်နေပြီလို့ နွေဦးတော်လှန်ရေးစစ်တမ်းမှာ သုံးသပ်ထားပါတယ်။

XS
SM
MD
LG