သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ဆူဒန်မှာ အမေရိကန်လေယာဉ် တိုက်ခိုက်ခံရ


တောင်ဆူဒန်နိုင်ငံမှာ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသမှာထဲရှိနေတဲ့ အမေရိကန်လူမျိုးတွေကို ကယ်တင်ဖို့သွားတဲ့ အမေရိကန် လေယာဉ်တွေကို အမည်မသိသေနတ်သမားတွေ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

စစ်တပ်အမှုထမ်း ၄ ယောက် ဒဏ်ရာရသွားတယ်လို့ Pentagon စစ်ဌာနချုပ်က ပြောပါတယ်။ Juba မြို့တော် မြောက်ဖက်မှာရှိတဲ့ Bor မြို့က အမေရိကန်တွေ ကို စနေနေ့က အမေရိကန်တပ်တွေ သွားကယ်ဖို့ ကြိုးစားစဉ်မှာ ခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ပစ်ခတ်ခံခဲ့ရပြီးနောက် ကယ်ဆယ်ရေး အစီအစဉ်ကို ဖျက်ခဲ့ပြီး လေယာဉ် ၃ စင်းလုံး အိမ်နီးချင်း Uganda နိုင်ငံကို လမ်းလွှဲသွားခဲ့ရပါတယ်။

အမေရိကန်စစ်မှုထမ်းတွေနဲ့ အမေရိကန်သံရုံးကို ကာကွယ်ဖို့အတွက် အဲဒီ ဒေသကို စစ်မှုထမ်း ၄၅ ယောက်ကို သမ္မတ Barack Obama က ကြာသပတေးနေ့က စေလွှတ်ခဲ့ပါတယ်။ တောင်ဆူဒန်ထဲမှာ ရှိနေတဲ့ အမေရိကန်လူမျိုးတွေကို ကယ်တင်ဖို့အရေးကြီးတဲ့အကြောင်း အိမ်ဖြူတော်က စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတက အလေးအနက် ပြောထားပြီး အမေရိကန်ရဲ့ ကယ်ဆယ်ရေး အစီအစဉ်မှာ ဆူဒန်ခေါင်းဆောင်တွေက ကူညီဖို့ တာဝန်ရှိတယ်လို့ ပြောထားပါတယ်။

Bor မြို့ကို သူပုန်တွေက သိမ်းပိုက်ထားတယ်လို့ တောင်ဆူဒန်အစိုးရက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တောင်ဆူဒန်မှာ အဆိုးဆုံးလို့ ပြောနိုင်တဲ့ တိုက်ပွဲတွေ အဲဒီမှာ ဖြစ်ပွားခဲ့ပါတယ်။
XS
SM
MD
LG