သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တာလီဘန် ရက်ပိုင်းအတွင်း ဆွေးနွေးမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဒိုဟာသို့ ခရီးထွက်ခွာစဉ်။ (ဂျွန် ၂၁၊ ၂၀၁၃)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဒိုဟာသို့ ခရီးထွက်ခွာစဉ်။ (ဂျွန် ၂၁၊ ၂၀၁၃)
လာမယ့်ရက်တွေအတွင်း ဒိုဟာမှာ တာလီဘန်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဒိုဟာဆွေးနွေးပွဲဟာ နဂိုရ်တုန်းက မနေ့က ကြာသာပတေးနေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပြီးတော့ အဲဒီမှာ တာလီဘန်ကိုယ်စားလှယ်တွေရော အမေရိကန်အဆင့်မြင့်အရာရှိတွေပါ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဒါပေမဲ့လို့ ဒိုဟာမြို့မှာ တာလီဘန် နိုင်ငံရေးရုံး ဖွင့်ခဲ့တာနဲ့ပတ်သက်ပြီးတော့ စိတ်အနှောင့်အယှက်ဖြစ်နေပုံ ရတဲ့ အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းကတော့ ဒီဆွေးနွေးပွဲကို သူတို့အစိုးရအနေနဲ့ မထောက်ခံဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။ ဒိုဟာမှာ အခု သီတင်းပတ်အစောပိုင်းတုန်းက "Office of the Islamic Emirate of Afghanistan," အာဖဂန်နစ္စတန်ရဲ့ အစ္စလာမ်ဘာသာရေးရုံးဆိုပြီးတော့ တာလီဘန်ဘက်က ရုံးခန်းဖွင့်လိုက်တဲ့အပေါ်မှာ ကန့်ကွက်မှု တစိတ်တပိုင်းလည်း ပါပါတယ်။

အရင်တုန်းကတုန်းကတည်းက အာဖဂန်-တာလီဘန်တွေရဲ့နိုင်ငံရေးရုံးဖွင့်ဖို့ဆိုတဲ့ သဘောတူညီချက်က ရှိပြီးသားဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်ကတော့ ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jen Paski ကတော့ နိုင်ငံရေးအရ အဖြေထုတ်ဖို့နဲ့ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ အကောင်းဆုံးနည်းလမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လုပ်သွားနိုင်ဖို့ အမေရိကန်ဘက်ကနေပြီးတော့ အာရုံထား အလေးပေးဆဲဖြစ်တယ်ဆိုပြီးတော့ ပြောသွားပါတယ်။

တာလီဘန်တွေအနေနဲ့ အကြမ်းဖက်မှုတွေကို စွန့်လွှတ်ဖို့ အပါအဝင် ကိစ္စရပ်အတော်များများကို အမေရိကန်ပြည်ထောင်စုအနေနဲ့ တာလီဘန်တွေနဲ့ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာလည်း အခု သောကြာနေ့မှာ ဒိုဟာကို သွားဖို့ ရှိနေပါတယ်။ ဒါပေမဲ့ တာလီဘန်ကိုယ်စားလှယ်တွေနဲ့တွေ့ဖို့ အစီအစဉ်မရှိပါဘူးလို့ ပြောခွင့်ရသူ ပက်စ်ကီးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ကယ်ရီဟာ အခု စနေနေ့မှာလုပ်မယ့် ဆီးရီးယားအရေးကိစ္စ ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်ခင်ဗျား။
XS
SM
MD
LG