သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် Oklahoma တက္ကသိုလ် လူ့အခွင့်အရေးဆု မြန်မာ ကိုမျိုးဝင်း ရရှိ


Oklahoma တက္ကသိုလ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ Smile Education and Development Foundation ကိုတည်ထောင်သူ ကိုမျိုးဝင်း (ဓါတ်ပုံ- UK Embassy )
Oklahoma တက္ကသိုလ် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ Smile Education and Development Foundation ကိုတည်ထောင်သူ ကိုမျိုးဝင်း (ဓါတ်ပုံ- UK Embassy )

၂၀၁၈ခုနှစ်အတွက် Oklahoma တက္ကသိုလ် အမျိုးသမီးနဲ့ ကျားမ တန်းတူရေးဆိုင်ရာ လေ့လာရေးဌာနက ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆုဖြစ်တဲ့ Clyde Snow Social Justice ဆုကို မြန်မာနိုင်ငံက လူ့အခွင့်အရေးကာကွယ် လှုပ်ရှားသူလည်းဖြစ် Smile Education ဖေါင်ဒေးရှင်းကို တည်ထောင်သူ ကိုမျိုးဝင်းကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၅၀၀၀ လည်းပါဝင်ပါတယ်။

မနေ့ ကြာသာပတေးနေ့ ညနေပိုင်း Oklahoma တက္ကသိုလ်မှာ ဆုပေးပွဲအခမ်းအနား မကျင်းပခင် ဆုရရှိတဲ့အကြောင်းအရင်းနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ကိုမျိုးဝင်းကို ဆက်သွယ်မေးမြန်းရာမှာ သူက အခုလိုစတင်ပြောကြားခဲ့ပါတယ်။

"အဓိကတော့ လူ့အခွင့်အရေးကြိုးစားသူတွေ၊ အထူးသဖြင့် အသံမဲ့တဲ့သူတွေဘက်ကနေ အသံထုတ်ပေးတဲ့သူတွေ၊ နောက်တခုက အောက်ခြေ အခြေခံလူ့အဖွဲ့အစည်းကနေစပြီးတော့ နိုင်ငံတကာ အထိလုပ်နေတဲ့သူမျိုးကို ရွေးချယ်တာပေါ့။ High level ကြီးပဲ လုပ်နေတဲ့သူ မဟုတ်ဘူး၊ အောက်ခြေအဖွဲ့အစည်းတွေထဲမှာပဲ လုပ်နေတဲ့သူလည်းမဟုတ်ဘူး။ နောက်ပြီးတော့ အသံမဲ့တဲ့သူတွေရဲ့ အသံတွေကို ထုတ်ပေးလို့ ပြည်တွင်းမှာ လူတွေရဲ့ ဝေဖန်ပြစ်တင်ခံရတာတို့၊ သူ့နိုင်ငံမှာ သူရဲ့ လုံခြုံရေးအတွက် နဲနဲလေးပိုပြီး စိုးရိမ်မကင်းဖြစ်ရတဲ့ လူတွေကို ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စဉ်းစားချက်ထဲမှာ ပါခဲ့တယ်လို့ သိရပါတယ်။"

ကန် Oklahoma တက္ကသိုလ် လူ့အခွင့်အရေးဆု မြန်မာ ကိုမျိုးဝင်း ရရှိ
please wait

No media source currently available

0:00 0:06:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG