သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုထိန်းဖို့ အမေရိကန်နဲ့ရုရှား မြောက်ကိုရီးယားကိုတိုက်တွန်း


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်တို့ဓာတ်ပုံအား မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်းအထိမ်းအမှတ် အခမ်းအနားဓာတ်ပုံအဖြစ် တွေ့ရစဉ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ ကွယ်လွန်သူ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီးလ်တို့ဓာတ်ပုံအား မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်းအထိမ်းအမှတ် အခမ်းအနားဓာတ်ပုံအဖြစ် တွေ့ရစဉ်။
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ နောက်ထပ်တိုးလာအောင် မလုပ်ဖို့ အမေရိကန် နဲ့ ရုရှားနိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက် ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ခြိမ်းခြောက်နေသလိုမျိုး နောက်ထပ် ဒုံးကျည် စမ်းသပ်မှု လုပ်မယ်ဆိုရင် အကြီးအကျယ်မှားယွင်းမှုဖြစ်မယ်လို့ အမေရိကန် နိုင် ငံခြားရေးဝန်ကြီး John Kerry က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက် ရှိနေစဉ် သောကြာနေ့က ပြောလိုက်တာဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ ကို လေ့လာပြီး၊ သူတို့ရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Igor Morgulov က မော်စကိုမြို့မှာ ပြောကြားလိုက်ပါတယ်။

ဒု-နိုင်ငံခြာရေးဝန်ကြီး မော်ဂူလော့ဗ်ဟာ ရုရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ် အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါ တယ်။ မြောက် ကိုရီးယားက အမေရိကန်နိုင်ငံ ပင်မကုန်းမြေ အပါအဝင် ဒေသ တွင်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို နျူးကလီးယားနဲ့ တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ မြောက်ကိုရီးယား က နောက်ထပ် ဒုံးကျည် စမ်းသပ်မှုတခု လုပ်ဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ သတိပေးထား ပါတယ်။

အဲဒီ ဒုံးကျည်စမ်းသပ်မှုဟာ အချိန်မရွေးဖြစ်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြောက်ကိုရီးယား သူတို့ရဲ့ ခေါင်း ဆောင်ဟောင်း ကင်အီဆွန်းရဲ့ မွေးနေ့ဖြစ်တဲ့ တနင်္လာနေ့လောက်မှာ ဒုံးကျည်စမ်းသပ်တာတွေ ကို လုပ်လာနိုင်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်ခင်ဗျာ။
XS
SM
MD
LG