သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဝေဖန်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဒေသတွင်းလုံခြုံရေး အမေရိကန်ချဉ်းကပ်မှုဆိုင်ရာ မိန့်ခွန်းကို စင်ကာပူနိုင်ငံမှာ ကျင်းပသော Shangri-la Dialogue ခေါ် IISS- အာရှ လုံခြုံရေးညီလာခံတွင် စနေနေ့က ပြောကြားနေစဉ်။ (ဂျွန် ၁၊ ၂၀၁၃။)
အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ဒေသတွင်းလုံခြုံရေး အမေရိကန်ချဉ်းကပ်မှုဆိုင်ရာ မိန့်ခွန်းကို စင်ကာပူနိုင်ငံမှာ ကျင်းပသော Shangri-la Dialogue ခေါ် IISS- အာရှ လုံခြုံရေးညီလာခံတွင် စနေနေ့က ပြောကြားနေစဉ်။ (ဂျွန် ၁၊ ၂၀၁၃။)
စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ အာရှဒေသလုံခြုံရေးနှစ်ပတ်လည်ဆွေးနွေးပွဲတက်ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရဟာ Cyber အင်တာနက်နည်းပညာနဲ့ အမေရိကန်ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ လူသိ ရှင်ကြားစွပ်စွဲလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးမှာ ကသိကအောက်ဖြစ်လာတဲ့ Cyber အင်တာနက် တိုက်ခိုက်မှုကို တရုတ်အစိုးရက ကိုင်တွယ်ရေး အမေရိကန်ကဖိအားတွေဆက်ပြီး တိုးမြှင့်သွားမယ်လို့ Shangri-La လုံခြုံရေးဆွေးနွေးပွဲမှာ ဒီကနေ့ မှတ်ချက်ချလိုက်တာပါ။ အင်တာနက် နယ်ပယ်မှာ တာဝန်သိစွာပြုမူကြဖို့ နိုင်ငံတကာ စံနှုန်းတွေထားရှိရေးအတွက် အမေရိကန်က တရုတ်နဲ့ရော တခြားနိုင်ငံတွေနဲ့ပါ အတူတကွ ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ဝန်ကြီး Hagel ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီညီလာခံတက်ရောက်စဉ်အတွင်း တရုတ် ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်နေတယ်လို့လည်းဆိုပါတယ်။

တရုတ် ကွန်ပြူတာနည်းပညာနဲ့ တိုက်ခိုက်သူ Hacker တွေက Pentagon စစ်ဌာနချုပ်ရဲ့ ဒါဇင်နဲ့ချီတဲ့ လက်နက် အစီအစဉ်တွေနဲ့ တခြား ကာကွယ်ရေးနည်းပညာတွေကို ခိုးယူခဲ့တယ်လို့ အမေရိကန်အစိုးရနဲ့ သတင်းမီဒီယာတွေက မကြာသေးခင်ကပြောဆိုထားပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်ကိုငြင်းဆိုပေမဲ့ အခု ဝန်ကြီး Hagel ရဲ့ မှတ်ချက်ကိုတော့ တုံ့ပြန်တာမရှိသေးပါဘူး။

သမ္မတအိုဘားမာနဲ့ တရုတ်သမ္မတရှီကျင်ဖျင်တို့ California မှာ မတွေ့ဆုံခင် ရက်ပိုင်းအလိုမှာ ကာကွယ်ရေးဝန်ကြီး Hagel က တရုတ်ကို ပြောင်ပြောင်တင်းတင်းစွပ်စွဲလိုက်တာပါ။ သမ္မတ ၂ ဦးတွေ့တဲ့အခါမှာလည်း ဒီကိစ္စဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG