ကန်တက်ကီပြည်နယ်က ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ Mitch McCornell က မြန်မာ့ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့လိုအပ်တဲ့ အဓိကအချက် လေးရပ်ကို ပြင်ဆင်ဖို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး မြန်မာအစိုးရအကြီးအကဲတွေကိုလည်း မေတ္တာရပ်ခံကြောင်း ဖော်ပြလိုက်ပါတယ်။ ကြေညာချက်ထဲက အဓိကအချက်လေးချက်ကိုတော့ ဦးကျော်ဇံသာက ရှင်းပြပေးပါမယ်။
ပထမအချက်ကတော့ စစ်တပ်ကို ပြုပြင်ရမယ်။ အဓိကအားဖြင့် စစ်တပ်ကို အရပ်သားအုပ်စိုးမှုလက်အောက်မှာ ထားရမယ်။ ဒီလို မထားနိုင်တဲ့အတွက် မြောက်ကိုရီးယားနဲ့ အဆက်အသွယ်လုပ်တဲ့ ပြဿနာတွေ၊ ကချင်တိုင်းရင်းသားစုတွေနဲ့ ဆက်ဆံရေး မပြေလည်တာတွေ အပါအဝင် ကျန် တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး နှောင့်နှေးနေတာတွေ ဖြစ်ရတယ်လို့လည်း သူက ထောက်ပြထားပါတယ်။ ဒီအပြောင်းအလဲအတွက် အမေရိကန်ကလုပ်မယ့် အခုစီစဉ်နေတဲ့ စစ်တပ်ချင်းဆက်ဆံရေးဆိုတာကိုလည်း သူက ထောက်ခံတယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးလေးစားဖို့၊ ဥပဒေလိုက်နာဖို့ကိစ္စတွေမှာ လေ့ကျင့်ပေးရမယ်။
သို့သော်လည်းပဲ လက်နက် တပ်ဆင်ပြီးတော့ စစ်ပညာသင်ကြားလေ့ကျင့်ပေးရေးကိုတော့ အလောတကြီး မလုပ်သင့်သေးဘူးလို့ ဆီးနိတ်တာက ပြောထားပါတယ်။
နောက်အရေးကြီးတာတစ်ခု သူထောက်ပြတာကတော့ မြန်မာနိုင်ငံမှာ စစ်တပ်ဆိုတာဟာ-တဲ့၊ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးမှာ ပါဝင်လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ် တဲ့။ ဒါ့ကြောင့် ဒီလို ပြုပြင်ပြောင်းလဲရေး လုပ်လိုက်ခြင်းဟာ တိုင်းပြည်အတွက် အကျိုးရှိပါတယ်ဆိုတာကို စစ်တပ် ကောင်းကောင်း သဘောပေါက်အောင် မလုပ်နိုင်ဘဲနဲ့တော့ မြန်မာနိုင်ငံမှာ ခိုင်မြဲတဲ့ ပြုပြင်ပြောင်းလဲရေး တစုံတရာဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုထားပါတယ်။
နောက် နံပါတ် ၂ အချက်ကတော့ - လူထုအနေနဲ့ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်စေချင်သူကို သူတို့ လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရစေရမယ်။ ဖွဲ့စည်းပုံက ဘယ်သူ ဘယ်ဝါကို သမ္မတအဖြစ် အရွေးခံခွင့် မရှိစေရဘူးဆိုတာ မတားမြစ်ထားရဘူးလို့လည်း သူက ပြောပါတယ်။ ဒီအချက်ကို အဓိကပြင်ရမယ် လို့လည်း သူက အဓိက ဆိုတာပါ။
ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် အချက်ကို ပြင်ရမယ်ဆိုတဲ့ သဘောပေါ့နော်။
ဟုတ်ပါတယ်။ ဒါပေမဲ့ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ နာမည်တပ်မထားပါဘူး။ ဒီအချက်ကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကိုလည်း ကမ္ဘာက အယုံအကြည်ရှိလိမ့်မယ်မဟုတ်ဘူးလို့ပဲ ထောက်ပြထားတာ ဖြစ်ပါတယ်။
- ဒါကတော့ နံပါတ် (၂) အချက်ပေါ့လေ။ (၃) နဲ့ (၄) ကိုလည်း ပြောပါအုံးရှင့်။
နံပါတ် (၃) အချက်ကတော့ တရားစီရင်ရေး လွတ်လပ်ခွင့်ရရှိအောင် ဖန်တီးဖို့ပါပဲ။ လောလောဆယ်မှာ မြန်မာနိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးရဲ့တနည်းအားဖြင့် Executive ပေါ့လေ။ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့လက်အောက်က လွတ်လပ်ခြင်း မရှိဘူးလို့ ဆိုထားပါတယ်။
- အစိုးရအာဏာပိုင်တွေက တရားရုံးတွေအပေါ်မှာ သြဇာသက်ရောက်မှုရှိနေတယ်ဆိုတဲ့သဘောပေါ့နော်။
ဟုတ်ပါတယ်။ တခါ အာဏာသုံးရပ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ဒီအာဏာသုံးရပ်ဟာ သီးခြား လွတ်လွတ်လပ်လပ် ထားရှိရမယ်၊ ဒီကိစ္စဟာ တခုနဲ့တခု ထိန်းညှိစောင့်ကြည့်ဖို့အတွက်သာမက လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကာကွယ်ရေးမှာလည်းပဲ အထူးအရေးပါတယ်လို့ သူက ဆိုပါတယ်။
နောက် နံပါတ် (၄) အချက်ကတော့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အကာအကွယ်ပေးထားရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ ငြိမ်းငြိမ်းချမ်းချမ်း စုပေါင်းပါဝင်ပေါင်းစည်းရေးဟာ အကြီးမားဆုံး စိန်ခေါ်မှုတရပ်လို့ သူက ဖော်ပြထားပါတယ်။
- အခုကရော တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုတာကို ဖွဲ့စည်းပုံမှာ အကာအကွယ်ပေးမထားဘူးလားရှင့်။
ပုံစံအားဖြင့်ကတော့ ဖက်ဒရယ်နိုင်ငံတွေမှာလို ဇယားတွေခွဲပြီးတော့ ဒီဇယားတွေမှာပါတဲ့ အာဏာရပ်တွေက ဗဟိုအစိုးရကလုပ်ပါ။ ဒီဇယားမှာပါတဲ့ အာဏာရပ်က ပြည်နယ်အစိုးရတွေက လုပ်ပါဆိုပြီးတော့ သူတို့ က ခွဲထားပါတယ်။ ဒါပေမဲ့လည်း ပြည်နယ်အစိုးရဆိုတာ ကိုယ်နှိုက်က ပြည်နယ်လူထု ဆန္ဒထက် ဗဟိုအစိုးရရဲ့အကြီးအကဲ၊ သမ္မတရဲ့သဘောနဲ့ခန့်ရမယ်ဆိုတဲ့သဘောတွေ၊ တခါ စီးပွားရေးလုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာလည်း ဗဟိုက ချုပ်ကိုင်မှုတွေ သိပ်များနေတယ် စသဖြင့်ပေါ့ဗျာ - အချက်တွေက အများကြီးရှိနေပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ဆင်ရတာ မလွယ်ပါဘူး-တဲ့။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံဟာလည်းပဲ ပြင်ရခက်တဲ့ ဥပဒေတစ်ခုပါ။ သို့သော်လည်းပဲ တဖြည်းဖြည်းနဲ့ သူတို့ ပြင်လာနိုင်ခဲ့ကြတာပဲ-တဲ့။ ဒါကြောင့် မြန်မာနိုင်ငံအတွက်လည်းပဲ အခု ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ကာလဟာ အင်မတန်ကောင်းတဲ့ အခွင့်အခါကောင်းဖြစ်ပါတယ်။ ဒီအခွင့်အခါကို အမိအရဆုပ်ကိုင်ပြီးတော့ ဖွဲ့စည်းပုံကို သူအကြံပြုတဲ့အတိုင်း ပြင်ကြပါလို့လည်း မြန်မာနိုင်ငံအကြီးအကဲတွေကို သူက မေတ္တာရပ်ခံထားပါတယ်။
အထက်လွှတ်တော်အမတ် မစ်ချ်၊ မက်ကော်နယ်ဟာ မြန်မာ့ဒီမိုကရေစီထွန်းကားရေးအတွက် တစိုက်မတ်မတ် ဦးဆောင်ကြိုးပမ်းလာခဲ့တဲ့ အမေရိကန်နိုင်ငံရေးသမားကြီးတစ်ဦးလည်း ဖြစ်ပါတယ်။