သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ လူ့အခွင့်အရေးအခြေအနေဆိုးရွားဟု အမေရိကန်ပြော


ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Uzra Zeya
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Uzra Zeya
တရုတ်အစိုးရက လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ မိသားစုတွေကို နှောင့်ယှက်တာ၊ တိုင်းရင်းလူနည်းစုတွေနဲ့ ဘာသာရေး ဖိနှိပ်မှုတွေ လုပ်နေတာတွေကြောင့် လူ့အခွင့်အရေး အခြေအနေဟာ ပိုပြီးဆိုးရွားလာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းသံတမန်တဦးက စွပ်စွဲလိုက်ပါတယ်။

ဒီသီတင်းပတ် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက်ကြာ ဘေဂျင်းမြို့ မှာကျင်းပခဲ့တဲ့ တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲဟာ အမေရိကန်ပြည်ထောင်စုက မျှော်မှန်းထားသလို အောင်မြင်မှုမရခဲ့ဘူးလို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Uzra Zeya က သတင်းထောက်တွေကို ဒီကနေ့ပြောဆိုလိုက် တာပါ။

တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုတွေ၊ အပေါင်းအဖော် မိတ်ဆွေတွေကို ပစ်မှတ်ထားပြီး လိုက်လံနှောင့်ယှက်တာတွေ တိုးလုပ်နေကြောင်း၊ အဲဒီမူအရပဲ တရုတ်တိုင်းရင်းသားဒေသတွေဖြစ်တဲ့ တိဘက်နဲ့ မူဆလင်အများစုနေထိုင်ရာ ဝီဂါဒေသ မှာ ပိုပြီးဖိနှိပ်မှုတွေရှိနေကြောင်း၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Zeya က ဘေဂျင်းမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်လာရင် တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောရတာ သိပ်ကို ခက်ခဲတယ်လို့ဆို ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ အမေရိကန်ဆက်ဆံရေးမှာ လူ့အခွင့်အရေးကိစ္စက အရေးကြီးတဲ့ ကဏ္ဍအဖြစ်ရှိနေဆဲလို့လည်း Ms. Zeya ကပြောပါတယ်။
XS
SM
MD
LG