သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အယ်ဒီချုပ်အမှု အာမခံ ပယ်ခံရ


The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသျှကိုကိုမောင်တို့ရဲ့ အာမခံပေးဖို့လျှောက်ထားချက်ကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အတွက် အင်မတန်နစ်နာရတယ်လို့ သူတို့ရဲ့ ဥပဒေအကျိုးဆောင်ဖြစ်သူ ဦးခင်မောင်မြင့်ကပြောပါတယ်။

"အကြောင်းပြချက်က ရဲလုပ်ငန်းတွေမပြီးသေးတဲ့အတွက် အာမခံကိုပယ်ချတယ်ဆိုရင် ရဲလုပ်ငန်းလုပ်ဖို့သည် ရဲအလုပ်ပဲ၊ ဦးကျော်မင်းဆွေ လုပ်ရန်မဟုတ်သလို ဗြိတိသျှကိုကိုမောင်လည်း လိုက်လုပ်ပေးရမယ့် ကိစ္စမဟုတ်ပါဘူး။ CID မှာ လုပ်ငန်းတွေမပြီးရင် အဲဒီရဲလုပ်ဖို့ပဲ ရှိပါတယ်။ CIDလုပ်ရမှာဖြစ်ပါတယ်။ ဥပဒေအကြံဉာဏ်မပြီးသေးရင် ဥပဒေရုံးကလုပ်ရမှာဖြစ်ပါတယ်။"

ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို အာမခံပေးလိုက်တဲ့အတွက် ရဲလုပ်ငန်းတွေ ပျက်ပြားသွားစရာအကြောင်းမရှိတာ ကြောင့် မဆီလျော်တဲ့ အကြောင်းပြချက်တွေနဲ့ ဆက်ပြီးချုပ်နှောင်ထားတာဟာ ဥပဒေနဲ့မညီဘူးလို့လဲ ဦးခင်မောင်မြင့်က ပြောပါ တယ်။ ဒါကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဆက်ပြီးတင်ပြသွားမယ်လို့လဲ ဆိုပါတယ်။

"ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကိုအခြေခံပြီး "ကျည်ထောင်စုသစ္စာ" ဆိုတဲ့ခေါင်းစဉ်နဲ့ သရော်စာ ရေးသားဖော်ပြခဲ့တဲ့ အတွက် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှကိုကိုမောင်တို့ကို တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတာပါ။ ဇွန်လ ၂ ရက်နေ့မှာတော့ သူတို့နှစ်ဦးကို ဗဟန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ရဲစခန်းမှာပဲ ချုပ်ထားတာပါ။ ဒီကနေ့ညနေပိုင်းမှာတော့ ရဲစခန်းအချုပ်ကနေ အင်းစိန်ထောင်ကိုပို့လိုက်ပြီဖြစ်ပါတယ်။ နောက်တကြိမ် တရားရုံးချိန်းကိုတော့ ဇွန်လ ၁၆ ရက်နေ့မှာ သတ်မှတ်ထားပါတယ်။

ဒီလိုတရားစွဲဆိုတဲ့ကိစ္စအပေါ် သတင်းမီဒီယာသမားတွေက ကန့်ကွက် ရှုတ်ချကြပြီး "သတင်းလွတ်လပ်ခွင့်ရှိရမည်" "Freedom of Press" စာသားရေးထားတဲ့ လက်ပတ်အဖြူတွေပတ်၊ "We Stand With The Voice" စာသားရေးထားတဲ့ ထီးတွေကိုဆောင်းပြီး ဒီကနေ့ တရားရုံးထုတ်မှာ သတင်းလာယူကြတာကိုတွေ့ရပါတယ်။

The Voice အယ်ဒီချုပ်အမှု အာမခံ ပယ်ခံရ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG