သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာနဲ့ ပြည်တော်ပြန်သီးလေးသီး


A man is seen on a damaged staircase in Homs, Syria.

မကြာခင်က မြန်မာပြည်ကို ပြန်ရောက်လာခဲ့ကြတဲ့ လူရွှင်တော် ဂေါ်ဇီလာအပါအ၀င် သီးလေးသီး ဆေးရောင်စုံအငြိမ့် အဖွဲ့သားတချို့က အခုအောက်တိုဘာလ အတွင်းမှာ အငြိမ့်တစ်ပွဲကဖို့ စီစဉ်ထားတာကို လူရွှင်တော်ဇာဂနာက သီးလေးသီး အငြိမ့်အဖြစ် အသိအမှတ်မပြုဘူးလို့ ပြောလိုက်ပါတယ်။ လူရွှင်တော် ဂေါ်ဇီလာနဲ့အဖွဲ့ကတော့ တခြားနာမည်အသစ်နဲ့ ဒီလထဲမှာကဖို့ ဆုံးဖြတ်ထားတယ်လို့ လူရွှင်တော် ဇာဂနာက ဗွီအိုအေကို ရှင်းပြပါတယ်။

“အခုလက်ရှိသူတို့ ၂၉ ရက်နေ့ ကမယ့်ပွဲကို ဖျက်လိုက်။ ဖျက်ရင် ဒီဇင်ဘာမှာ ကျနော်တို့ ကပေးမယ်။ ကျနော်ရယ်၊ မောင်မေတ္တာရယ်၊ အရိုင်းရယ်၊ ကင်းကောင်ရယ်။ ဖိုးဖြူ ကတော့ ကျန်းမာရေး မကောင်းဘူး။ ငှက်ပျောကြော်ရယ်၊ ညောင်ညောင်ရယ် ရှေ့က ကပေးမယ်။ ပြီးရင်နောက်ကနေ သီးလေးသီးထွက် ကျနော်တို့ကနေပြီးတော့ အနုပညာ လက်ဆင့်ကမ်း ဆိုပြီးလုပ်မယ်။ ဒီပွဲကိုဖျက်ရင် ဒီဇင်ဘာမှာ ကပေးမယ်။ ဘယ်ဟာကို တန်ဖိုးထားမလဲပေါ့။

“ကျနော်ပြောတာ အဲဒီမှာ အလဲအလှယ် လုပ်ပါ။ ဒီပွဲကိုဖျက်။ ဖျက်ရင် ဟိုပွဲကို ကပေးမယ်။ ဒီပွဲကို မဖျက်ရင် ဟိုပွဲကိုလည်း ကမပေးတော့ဘူး။ မဖျက်ဘူးတဲ့။ သူတို့က ကမယ်တဲ့။ ကျနော်တို့ကလည်း အဲဒါဆိုလဲ မင်းတို့ဟာ မင်းတို့ကတော့။ မင်းတို့သဘောပဲ။ အဲဒီမှာ ကျနော်တို့က ကြေညာလိုက်ရတယ်။ တနေ့ညကပဲ။ ကဲ… စောလူးမင်းပဲ၊ မင်းတို့တွေ ခွေးသေ၀က်သေ သေရစ်ပေရော့ ဆိုပြီးတော့။ သူတို့ကလည်း နံမည် ပြောင်းပြီး ကမယ်တဲ့။ ပြည်တော်ပြန်အငြိမ့် ဆိုပြီးတော့။ ဒါနဲ့ပဲ ကင်းကောင်က ကျနော် မပါတော့ဘူးဆိုပြီး သူတို့အဖွဲ့ထဲကနေ ကင်းကောင်က နုတ်ထွက်လိုက်တယ်။”

သီးလေးသီး ဆေးရောင်စုံအငြိမ့်ကို လူရွှင်တော်ဇာဂနာက ဦးဆောင် ဖွဲ့စည်းပေးထားတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ သီးလေးသီး အဖွဲ့သားတချို့ ရှိနေပါသေးတယ်။

XS
SM
MD
LG