သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီးတက်မယ့် သမ္မတဦးသိန်းစိန် လာအိုနိုင်ငံရောက်ရှိ


နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှာကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ နေပြည်တော် လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်း မြို့တော် National Convention Centre မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဟာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပြီး ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ အကြီးအကဲ အချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

မြန်မာသမ္မတဟာ နိုဝင်ဘာ ၇ ရက်နေ့ မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာဖြစ်ကြောင်း သိရှိရပါတယ်။ ခရီးစဉ်မှာ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။

အာရှ-ဥရောပ ASEAN-EU အစည်းအဝေးကို ၁၉၉၆ ခုနှစ်မှာ တက်ရောက်တဲ့ နိုင်ငံပေါင်း ၂၆ နဲ့ စတင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အနေနဲ့ ၂၀၀၄ ခုနှစ်မှာ စတင် တက်ရောက်ခဲ့ပါတယ်။ လက်ရှိအကြိမ်မှာ တက်ရောက်တဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး ဥရောပက ၂၇ နိုင်ငံ၊ အာဆီယံ အသင်းဝင် ၁၁ နိုင်ငံ၊ အာရှနဲ့ အခြားနိုင်ငံ ၉ နိုင်ငံက အကြီးအကဲတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG